နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မဟာမုနိဘုရားကြီး ဘက်စုံပြုပြင်မွမ်းမံရန် ငွေများလှူဒါန်း

မန္တလေး   ဩဂုတ်  ၁၉


မန္တလေးမြို့မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများလာရောက် လှူဒါန်းလျက်ရှိရာ သြဂုတ် ၁၈ ရက်က မန္တလေးမြို့ချမ်းအေးသာစံမြို့နယ်နေ ထာဝရဝိန့်စိန်အဆင့်မြင့်စိန် ရတနာရွှေဆိုင်မိသားစုက  မဟာမုနိဘုရားကြီးကျောင်းတော်တိုင်လတ်(၁)တိုင်ကို ကျောက်စိမ်းပြားကပ်လှူ ရန် ငွေကျပ်(၄၅)သိန်း၊ ကျိုင်းတုံမြို့ဝစီပိတ်ဆရာတော်ကငွေကျပ်(၅)သိန်း၊ ဦးရန်ခိုက်ရွှင်+ဒေါ်လော်ချုံးမေ မိသားစုက ငွေကျပ်(၁၀)သိန်း၊ ရန်ကုန်မြို့နေဦးစိန်မြင့်+ဒေါ်ကြည်ကြည်မေ မိသားစုက ငွေကျပ်(၂)သိန်းနှင့် ဥရောပခြင်းအသင်းက ကျပ်(၁)သိန်းတို့ကို လာရောက်လှူဒါန်းရာ မဟာမုနိဂေါပကအဖွဲ့ဥက္ကဌဦးစိုးလင်း၊ အတွင်းရေးမှူး ဦးကျော်ကျော်ဦးနှင့် ဂေါပကအဖွဲ့ဝင်များကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်စဉ်။                                                                                               

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ