နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖလမ်းမြို့နယ်ရှိ မဏိပူရ်မြစ်ကူး(ဗားရ်)တံတား အမှတ်(၂) ကို ဩဂုတ်လကုန်အပြီး တည်ဆောက်မည်

ဖလမ်း  ဩဂုတ်  ၁၉


ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ နှစ်ပေါင်းသက်တမ်းကြာမြင့်နေပြီး ခိုင်ခံ့မှုအားနည်းလာသည့် မဏိပူရ်မြစ်ကူး(ဗားရ်)တံတားအစားထိုးတည်ဆောက်မှု(ဗားရ်)တံတားအမှတ်(၂)ကို ဩဂုတ်လကုန်အပြီး သတ် ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါမဏိပူရ်မြစ်ကူး(ဗားရ်) တံတားအမှတ်(၂)သည် ကလေး-ဖလမ်း-ဟားခါးကားလမ်း မိုင်တိုင် အမှတ်(၆၈/၅)တွင်တည်ရှိပြီး ၂ဝ၁၉ ခုနှစ် နှစ်ဆန်းပိုင်းက စတင်အကောင်အထည်ဖော်တည်ဆောက်ခဲ့ ခြင်းဖြစ်ရာ တံတားအရှည် ၅၅၈ ပေ၊ အကျယ်ပေ ၃ဝ၊ တံတားခံနိုင်ဝန် ၂၅ တန် (AASHTOHS-25)၊ တံတား အမျိုးအစားမှာ သံကူကွန်ကရစ်ဖြစ်ကာ တံတားစီမံကိန်းအဖွဲ့(၁)မှ တည်ဆောက်နေခြင်းဖြစ်သည်။ အဆိုပါ မဏိပူရ်မြစ်ကူး(ဗားရ်)တံတားသည် ချင်းပြည်နယ် မြန်မာ-အိန္ဒိယကုန်သွယ်ရေး ရိဒ်နယ်စပ်စခန်းနှင့် သွားလာရေးတွင်လည်းကောင်း၊ မြို့တော် ဟားခါး- ဖလမ်း-တီးတိန်-တွန်းဇံ- ကျီခါး ဆက်သွယ်သွားလာရေး တွင်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့်  ဖလမ်း-ဟားခါး ဆက်သွယ်သွားလာရေးတွင် လည်းကောင်း အရေးပါသည့်အပြင် တံတားတည်ဆောက်ပြီးစီးပါက ကုန်စည်စီးဆင်းမှု လျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဒေသခံများအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အခြားကိစ္စရပ်များ အဆင်ပြေစွာ အသုံးပြု ဆောင်ရွက်နိုင်မည့် တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။


ညီမြင့်






အခြားဆက်စပ်သတင်းများ