နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Covid-19 ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက် (CERP) အရ ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် တောင်သူများကို ထောက်ပံ့ငွေများပေးအပ်

ဟင်္သာတ  ဩဂုတ်  ၁၉


ဟင်္သာတမြို့နယ်၌ COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (COVID-19 Economic Relief Plan-CERP) အရ ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ်တောင်သူများကို ဩဂုတ် ၁၉ ရက်၊ နံနက် ၁၁ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ထောက်ပံ့ငွေများပေးအပ်ကြောင်း သိရသည်။

ရှေးဦးစွာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး သန်းဆွေအေးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုး ရေးဦးစီးမှူး ဦးဝင်းမြင့်က ခရိုင်တွင်းမိုးစပါးစိုက်ပျိုး ထုတ်လုပ်မှုအခြေအနေကိုရှင်းလင်း၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးမျိုးမင်းလွင်ဦးက ထောက်ပံ့ပေးအပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျေးရွာအုပ်စု ၂၈ အုပ်စုတွင် တောင်သူ ၁၃၇ ဦးစိုက်ပျိုးသည့် အရည်အသွေးကောင်းမျိုးစပါး (၁၀)ဧကနှင့် အထွက်ကောင်း မျိုးစပါး(၄၉၀)ဧက စုစုပေါင်း မိုးစပါးစိုက်ဧက (၅၀၀) အတွက် ပထမအကြိမ် မျိုးစေ့ဖိုးနှင့် အပင်ပြုစုခြင်းလုပ်အားခအတွက် ထောက်ပံ့ငွေ ၄၁၇၇၀၀၀၀ ကို တာဝန်ရှိသူများက တောင်သူများလက်ဝယ်သို့  ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါမိုးစပါးမျိုးစေ့ထုတ်တောင်သူများကို မျိုးကွယ်နုတ်ပယ်ခြင်းလုပ်အားခနှင့် မျိုးစေ့သန့်စင်ခြင်း လုပ်အားခအတွက် ဒုတိယအကြိမ် ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးဦးမျိုးမင်းလွင်ဦးထံမှ သိရှိရသည်။                                                             

ကျော်ကျော်(ဟင်္သာတ)






အခြားဆက်စပ်သတင်းများ