နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 Positive တွေ့ရှိသော စစ်တွေ CB Bank ဘဏ်ခွဲ ၁၉ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်

စစ်တွေ   ဩဂုတ်  ၁၉


မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၁၆ ရက်၊ည ၈ နာရီ သတင်းထုတ်ပြန်ချက်အရ COVID-19 Positive တွေ့ရှိသော လူနာအမှတ်စဉ် (၃၇၅)သည် CB Bank စစ်တွေဘဏ်ခွဲမှ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသောကြောင့် ယာယီပိတ်ထားခဲ့ရာယခုအခါ ၁၉ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း CB Bank ၏ ထုတ်ပြန်ချက်အရ သိရသည်။

သြဂုတ် ၁၄ ရက်(သောကြာနေ့)တွင် အဆိုပါဝန်ထမ်းသည်အနံ့မရခြင်း၊ အရသာမသိရှိခြင်း အစရှိသည်တို့ကို ခံစားရသည့်အတွက် ခွင့်ယူ၍ ဆေးခန်းသို့သွားရောက်ပြသရာမှ သံသယရှိသဖြင့်  စစ်ဆေး မှုများပြုလုပ်ရာ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး CB Bank အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (Ministry of Health and Sports) ၏ လမ်းညွှန်မှုအတိုင်း အချိန်နှင့်တပြေးညီ တာဝန်ရှိသူများနှင့် လိုက်နာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ စစ်တွေဘဏ်ခွဲရှိ ဘဏ်ဝန်ထမ်းများအားလုံးကို ရောဂါပိုးရှိ၊မရှိ   အမြန်ဆုံး စစ်ဆေးဆောင်ရွက်လျက်ရှိပြီး အဆိုပါဘဏ်ခွဲကို ၁၇ ရက်မှ ၁၈ ရက်အထိ  စုစုပေါင်း ၂  ရက် ယာယီပိတ်ထားခဲ့ခြင်းဖြစ်ပြီး ဩဂုတ် ၁၉ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။

CB Bank Core Banking System ဖြင့် CB Bank ဘဏ်ခွဲအားလုံးတွင် စစ်တွေဘဏ်ခွဲကိုယ်စား ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး CB Bank ATM များ၊ စစ်တွေမြို့ရှိ CB Bank Mobile Agent များတွင်လည်း ငွေထုတ်၊ ငွေလွှဲများဆောင်ရွက်နိုင်ကြောင်း ရောဂါပိုးတွေ့ရှိသည့်ဝန်ထမ်း နှင့်ဆေးစစ်ရမည့် ဝန်ထမ်းအားလုံးကို CB Bank အနေဖြင့် အပြည့်အဝအထောက်အပံ့ပေးသွားမည် ဖြစ်ပြီး ဘဏ်ခွဲပြန်လည်ဖွင့်လှစ်နိုင်ရန် ဘဏ်ခွဲအဆောက်အဦနေရာ အားလုံး၊ ရုံးသုံးပစ္စည်းအားလုံးကို ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ပိုးသတ်ဆေးဖျန်းခြင်းကို ဆောင်ရွက်လျက်ရှိပြီး အစားထိုး ဘဏ်ဝန်ထမ်းများ၊ အစားထိုးငွေသားများဖြင့်  ဘဏ်ခွဲတွင် မူလနေ့စဉ် ရောဂါကာကွယ်ရေးဆောင်ရွက်သော လုပ်ငန်းစဉ်များအတိုင်း လက်ဆေးဘေစင်၊ Mask ၊ Face Shield ၊ လက်အိတ်၊ Headcap ၊ Counter Glass Shield များ အပြည့်အစုံဖြင့် ဝန်ဆောင်မှုပေးမည်ဖြစ်ပြီး Customer များ အန္တရာယ်ကင်းယုံကြည်စိတ်ချစွာ  ဝန်ဆောင်မှုရယူနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ညီမြင့်






အခြားဆက်စပ်သတင်းများ