နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေ၊ လက်ဝတ်ရတနာများ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်းများနှင့် အသုံးဆောင်ပစ္စည်းများ တင်ပို့၊ တင်သွင်းပြုလုပ်ဆောင်ရွက်ရာတွင် Letter of -LC စနစ်ဖြင့်သာ ခွင့်ပြုဆောင်ရွက်ပေးသွားမည်

ရန်ကုန်   ဩဂုတ်  ၁၉


ရွှေ၊ လက်ဝတ်ရတနာများ ရွှေဖြင့်ပြုလုပ်သောအနုပညာပစ္စည်းများနှင့် အသုံးဆောင်ပစ္စည်းများ တင်ပို့၊ တင်သွင်းပြုလုပ်ဆောင်ရွက်ရာတွင် Letter of -LC စနစ်ဖြင့်သာ ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ ထုတ်ပြန်သတင်း များအရသိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ရွှေ၊ လက်ဝတ်ရတနာများ၊ ရွှေဖြင့် ပြုလုပ်သော အနုပညာပစ္စည်းများနှင့်အသုံးဆောင်ပစ္စည်းများ ပြည်ပသို့တင်ပို့ခြင်းနှင့် ပြည်ပမှတင်သွင်း ခွင့်ပြုဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို အမိန့်ကြော်ငြာစာအမှတ် (၇/၂၀၁၈)ဖြင့် ထုတ်ပြန်ဆောင်ရွက်ပေးထားပြီးဖြစ်သည်။ အဆိုပါအမိန့်ကြော်ငြာစာ(၇/၂၀၁၈)၏ ပူးတွဲပါ စည်းကမ်းချက်များအပိုဒ်(၈)တွင် ရွှေ၊ လက်ဝတ်ရတနာများ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်းများနှင့်  အသုံးဆောင်ပစ္စည်းများ တင်ပို့/တင်သွင်းခြင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှသတ်မှတ်ခွင့်ပြုထားသည့် နိုင်ငံခြားငွေကြေးဖြင့်သာ LC စနစ်(သို့မဟုတ်) TT စနစ်ဖြင့် ခွင်ပြုသည်ဟူ၍သတ်မှတ်ဖော်ပြထားခဲ့သည်။

TT စနစ်ဆိုသည်မှာ ပြည်ပသို့ကုန်ပစ္စည်းတင်းပို့ရောင်းချပေးရာတွင် ဝယ်ယူသူဘက်မှကြိုတင်ငွေလွှဲ ပေးပို့ရသည့်စနစ်(Telegraphic Transfer-TT)ဖြစ်ပြီး LC စနစ်ဆိုသည်မှာ ရောင်းချသူဘက်မှကုန်ပစ္စည်း တင်ပို့ပြီးမှသာ ဝယ်ယူသူကငွေလွှဲပေးပို့ရသည့်စနစ် Letter of Credit -LC ဖြစ်သည်။ လက်ရှိအခြေအနေ တွင် မြန်မာနိုင်ငံသည် Financial Action Task Force (FATF) ၏ ငွေကြေးခဝါချမှုအဆင့်သတ်မှတ်ချက် တွင် Grey List တွင်ပါဝင်နေကာ ရွှေ၊ လက်ဝတ်ရတနာများ ရွှေဖြင့်ပြုလုပ်သောအနုပညာပစ္စည်းများနှင့်  အသုံးဆောင်ပစ္စည်းများတင်ပို့/တင်သွင်းခြင်းကို အကြောင်းပြု၍ တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့်  ငွေကြေးများ ဝင်ရောက်နိုင်ခြင်းမရှိစေရေး သေချာစိစစ်ဆောင်ရွက်ရန်လိုအပ်သဖြင့် အဆိုပါပစ္စည်းများတင်ပို့/ တင်သွင်းခွင့်လိုင်စင်များကို(LC)စနစ်(သို့မဟုတ်) TT စနစ်ဖြင့် ခွင့်ပြုပေးခြင်းအစား အဆိုပါသတင်းထုတ်ပြန် ခဲ့သည့်နေ့မှစ၍  (LC) စနစ်ဖြင့်သာ ခွင့်ပြုသွားမည်ဖြစ်ပြီး ကုန်သွယ်ရေးဦးစီးဌာနအနေနှင့် အဆိုပါသတင်းကို ဩဂုတ် ၁၂ ရက်နေ့က သတင်းလွှာအမှတ်(၁၀/၂၀၂၀)အဖြစ် ထုတ်ပြန်ပေးခဲ့ကြောင်း သိရသည်။ 

ကိုသာစစ်






အခြားဆက်စပ်သတင်းများ