နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဘိတ်ဆေးခတ်ခြင်း၊"ဖုံး၊သွန်၊လဲ၊စစ်"ပညာပေးခြင်း နှင့် အုတ်စီမြောင်းပြုလုပ်နေမှုအား မြို့နယ်စည်ပင်သာယာမှ တာဝန်ရှိသူများသွားရောက်စစ်ဆေး

ရန်ကုန်  သြဂုတ်  ၁၉



မင်္ဂလာတောင်ညွန့်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများသည် မြို့နယ်ကျန်း မာရေးဦးစီးဌာနမှကျန်းမာရေးမှူး(၁)ဒေါ်တင်တင်ဝင်းဦးဆောင်သောကျန်းမာရေးဝန်ထမ်းများ၊မြို့နယ်စည်ပင်ကျန်းမာရေးဌာနမှဝန်ထမ်းများနှင့်အတူ သြဂုတ် လ၁၈ ရက်နေ့က သိမ်ဖြူမီးရထားရပ်ကွက်တွင်အဘိတ်ဆေးခတ်ခြင်း၊"ဖုံး၊သွန်၊လဲ၊စစ်"ပညာပေးခြင်း၊အခြားကျန်းမာရေးကိစ္စများအ‌ထွေထွေပညာပေးခြင်းတို့အားအတူတကွပူးပေါင်းပါဝင်လုပ်ဆောင်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။


ထို့နောက် မြို့နယ်စည််ပင်သာယာမှ တာဝန်ရှိသူများသည် ကန်တောင်ရပ်ကွက်၊မန္တလေးလမ်းတွင် (Box Culvert)အကောင်အထည်ဖော်နေမှုအားကြည့်ရှုစစ်ဆေးခြင်း၊ ကန်တောင်ရပ်ကွက်၊ဗိုလ်မင်းရောင်လမ်းနှင့်(၉၄)လမ်းထောင့်တွင်အကောင်အထည်ဖော်နေသော(၁၆၀'×၄'×၄')အရွယ်အစားရှိအုတ်စီမြောင်းပြုလုပ်နေမှုအားကြည့်ရှု ၍လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။


မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ