နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်သာယာမြို့နယ်အတွင်း ဆိုင်ကယ် ၈ စီး ခိုးသူ ၂ ဦး ဖမ်းဆီးရမိ

ရန်ကုန် ဩဂုတ် ၁၈


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များသည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက် သတင်းများ စုံစမ်းဆောင်ရွက်နေစဉ် ဆိုင်ကယ်ခိုးမှုများကျူးလွန် ထားကြောင်း ကြိုတင်သတင်းရရှိထားသူ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (၁၉)ရပ်ကွက်၊ သံသုမာ(၂)လမ်းနေ သိန်းထိုက်အောင်(ခ)ကိုထက်နှင့် သီဟအောင်(ခ)အေကိုက် (လိပ်စာတူ) တို့(၂)ဦးကို (၉)ရပ်ကွက်၊ အောင်ဇေယျလမ်းမပေါ်၌ CANDA အမျိုးအစား ဆိုင်ကယ်(၁)စီးနှင့်အတူ တွေ့ရှိစစ်ဆေးရာ အဆိုပါ ဆိုင်ကယ်နှင့်ပတ်သက်၍ ၎င်းတို့ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြောဆိုပြသနိုင်မှုမရှိသဖြင့် ဖမ်းဆီးခဲ့ပါသည်။

 ဖမ်းဆီးရမိသူ သိန်းထိုက်အောင်(ခ)ကိုထက် နှင့် သီဟအောင်(ခ)အေကိုက် တို့ ၂ ဦးကို အခြားပြစ်မှုများ ကျူးလွန်ထားခြင်းရှိ/မရှိ အသေးစိတ်တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းတို့(၂)ဦးသည် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လမှ ဩဂုတ်လအထိ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်တို့အတွင်း လှည့်လည် သွားလာ၍ လမ်းဘေး၌ရပ်ထားသော ဆိုင်ကယ် အမျိုးမျိုး(၈)စီးကို ခိုးယူခဲ့ကြကြောင်း ထပ်မံစစ်ဆေး ပေါ်ပေါက်ပါသည်။

 စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှ သက်သေခံပစ္စည်း ဆိုင်ကယ်အမျိုးမျိုး(၈)စီးကို ပြန်လည် သိမ်းဆည်း ရရှိပြီးဖြစ်၍ ခိုးမှုကျူးလွန်သူ သိန်းထိုက်အောင်(ခ)ကိုထက်နှင့် သီဟအောင်(ခ)အေကိုက် တို့ ၂ ဦးကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

   ဆွေဦး






အခြားဆက်စပ်သတင်းများ