နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်တွင်း၌ အော်ဂဲနစ် ဟင်းသီးဟင်းရွက်နှင့် အသီးအနှံဈေးကွက် တိုးချဲ့ဖော်ဆောင်ရာတွင် အောင်မြင်မှုမရသေး

ရန်ကုန် သြဂုတ် ၁၅

ပြည်တွင်း၌ အော်ဂဲနစ် ဟင်းသီးဟင်းရွက်နှင့် အသီးအနှံဈေးကွက် တိုးချဲ့ဖော်ဆောင်ရာတွင် လက်ရှိ အချိန်အထိ အောင်မြင်မှုမရသေးကြောင်း စိုက်ပျိုးရေးလုပ်ငန်းရှင်များက ပြောသည်။
ပြည်တွင်းရှိ စူပါမားကတ်များတွင် အော်ဂဲနစ်ဟင်းသီးဟင်းရွက်များနှင့်အသီးအနှံများအား သီးသန့်ခွဲခြားပြီး ရောင်းချပေးနေပြီ ဖြစ်သော်လည်း လက်ရှိတွင် ဝယ်ယူစားသုံးသူ နည်းပါးနေသေးကြောင်း၊ ဈေးကွက်များတွင် ဓာတ်မြေသြဇာနှင့် ဓာတုပိုးသတ်ဆေးသုံး၍ စိုက်ပျိုးထားသောဟင်းသီးဟင်းရွက် နှင့် အသီးအနှံများကို အလွယ်တကူရရှိနိုင်သဖြင့် စားသုံးသူအများစုသည် ၎င်းတို့ကိုသာ ဝယ်ယူစားသုံးလေ့ရှိကြကြောင်း သိရသည်။

အော်ဂဲနစ် စိုက်ပျိုးရေးနည်းစနစ်သည် ဟင်းသီးဟင်းရွက်ပင်များနှင့် အသီးအနှံပင်များအား ဓာတ်မြေသြဇာ၊ ဓာတုပိုးသတ်ဆေး၊ ဓာတုပေါင်းသတ်ဆေးများ အသုံးမပြုဘဲ မီးဖိုးချောင်သုံးစွန့်ပစ်ပစ္စည်းများဖြင့် ပြုလုပ် ထားသည့် သဘာဝမြေသြဇာကို အသုံးပြုစိုက်ပျိုးသော နည်းစနစ်ဖြစ်သည်။

ထို့အပြင် အော်ဂဲနစ်စိုက်ပျိုးရေးသည် စားသုံးသူများ၏ ကျန်းမာရေးကို အလေးထားသောစိုက်ပျိုးရေးစနစ် ဖြစ်သောကြောင့် အခြားသော သာမန် စိုက်ပျိုးရေး နည်းလမ်းများနှင့်မတူညီဘဲ သဘာဝနည်းစနစ်များ၊ သဘာဝ မြေသြဇာများကို အသုံးပြု၍ အပင်များ၊ အသီးအနှံများ ကြီးထွားဖွံဖြိုးပြီး အပြစ်အနာ အဆာကင်းစေရန် ဂရုတစိုက် လုပ်ကိုင်ဆောင်ရွက်ရသည်။

အဆိုပါ အော်ဂဲနစ် စိုက်ပျိုးရေးလုပ်ငန်းများအတွက် အဓိကအကျဆုံး လိုအပ်ချက်မှာ သဘာဝမြေသြဇာအဖြစ် အသုံးပြုမည့် မြေဆွေးဖြစ်ပြီး ၎င်း မြေဆွေးရရှိစေရန် လနှင့်ချီ၍ စနစ်တကျဖန်တီးကာ စုဆောင်းထားရကြောင်း သိရသည်။   
           
(မိုးယံထက်)






အခြားဆက်စပ်သတင်းများ