နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိပ်မပျော်နိုင်သူများနှလုံးရောဂါနှင့် လေဖြတ်အန္တရာယ် မြင့်မား

ဩဂုတ်  ၁၅

အိပ်မပျော်နိုင်သောရောဂါကြောင့် နှလုံးရောဂါနှင့် လေဖြတ်နိုင်သည့်အန္တရာယ်မြင့်မားပြီး အရိုးဆုံးရှုံး        နိုင်သည့်အန္တရာယ်လည်းရှိကြောင်း လေ့လာမှုတစ်ရပ်ကဖော်ပြသည်။
အိပ်စက်ခြင်းသည် ကျန်းမာရေးအတွက်အရေးကြီးပြီး ယနေ့ခေတ်လူ့အသိုင်းအဝိုင်းတွင် အိပ်မပျော်နိုင်  ဖြစ်သော ရောဂါခံစားနေရသူပိုများလာကြောင်း တရုတ်ဆေးတက္ကသိုလ်မှသုတေသီများက ပြောသည်။

အိပ်မပျော်ရသောညများ ကြာရှည်လာခြင်းကြောင့် ကျန်းမာရေးညံ့ဖျင်းလာနိုင်သည်။ ထို့အပြင်နှလုံးရောဂါ နှင့်လေဖြတ်နိုင်သည့်အန္တရာယ်မြင့်မားပြီး အရိုးဆုံးရှုံးနိုင်သည့်အန္တရာယ်လည်းရှိကြောင်း သုတေသီများ ကပြောသည်။
အိပ်ပျော်ရန်ခက်ခဲခြင်း၊ အိပ်ပျော်နေသောအနေအထားရှိနေရန်ခက်ခဲခြင်းတို့ကြောင့် ယင်းအန္တရာယ် မြင့်မားလာနိုင်သည်။ အိပ်မပျော်ခြင်းကြောင့်ဇီဝဖြစ်ပျက်မှုကို ပြောင်းလဲစေနိုင်ပြီးသွေးပေါင်မြင့်တက်လာ     စေနိုင်ကာခန္ဓာကိုယ်ရောင်ရမ်းစေနိုင်သော အခြေအနေများကိုမြင့်တက်လာစေနိုင်သည်။

အမျိုးသမီးများသည် အမျိုးသားများထက်ပို၍ အန္တရာယ်မြင့်မားပြီးအမျိုးသမီးများသည်မျိုးဗီဇ၊ လိင် ဟော်မုန်းများ၊ စိတ်ဖိစီးမှု၊ စိတ်ဖိစီးမှုကို  တုံ့ပြန်ပုံတို့ကွာခြားသောကြောင့် အိပ်မပျော်ဖြစ်နိုင်သည့်   အန္တရာယ် ပိုများသည်ဟု သုတေသီများကပြောသည်။

နေ့ဆိုင်း၊ ညဆိုင်းပြောင်းလုပ်ရသောအခြေအနေများကြောင့်လည်း အိပ်ပျော်ရန်အခက်ကြုံနိုင်သည်။ အိပ်မပျော်နိုင်ဖြစ်ခြင်းကြောင့် အရိုးအားနည်းသောရောဂါနှင့် အရိုးကျိုးခြင်းများဆီဦးတည်သွားနိုင်သည်။ ထို့အပြင်အိပ်မပျော်ခြင်းကြောင့် အစာစားသောက်ပုံကိုလည်း ထိခိုက်စေနိုင်ပြီးကျန်းမာရေးဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ