နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Vietjet လေကြောင်းလိုင်းက ဗီယက်နမ်ပြည်တွင်းလေကြောင်းခရီးစဉ်များအားလုံးအတွက် အခမဲ့အထုပ်အပိုးတင်ဆောင်ခွင့်ပေးအပ်

ရန်ကုန်၊  ဩဂုတ် ၁၄

Vietjet လေကြောင်းလိုင်းသည် အထုပ်အပိုးသယ်ဆောင်ခွင့်နှင့် ပတ်သက်သည့် အထူးခြားဆုံး ပရိုမိုးရှင်း အစီအစဉ်တစ်ခုအဖြစ် ဗီယက်နမ်နိုင်ငံအတွင်း ပျံသန်းမည့် လေကြောင်း ခရီးစဉ်အားလုံးအတွက် (၁၅) ကီလို ဂရမ်အထိ အခမဲ့တင်ဆောင်ခွင့်ကို ပေးအပ်လိုက်ပြီ ဖြစ်သည်။

အဆိုပါအစီအစဉ်ကိုသြဂုတ်လမှစတင်၍ အောက်တိုဘာလ (၂၄) ရက်အတွင်း Vietjet ၏ ဗီယက်နမ်ပြည် တွင်း လေကြောင်းခရီးစဉ်များအတွက် လက်မှတ်ဝယ်ယူပြီး လိုက်ပါစီးနင်းသူ ခရီးသည်များအားလုံးသည် (၁၅) ကီလိုဂရမ်အလေးချိန်ရှိ အထုပ်အပိုး အခမဲ့တင်ဆောင်ခွင့် နှင့် (၇) ကီလိုဂရမ်အလေးချိန်ရှိ လက်ကိုင်ပစ္စည်း အခမဲ့ ယူဆောင်ခွင့် အထူးအခွင့်အရေးတို့ကို ရရှိမည်ဖြစ်သည်။

ထို့အပြင် သက်သောင့်သက်သာရှိသည့် သားရေထိုင်ခုံများ ခင်းကျင်းထားသော လေယာဉ်အသစ်တွင် အမြင့် ပေ (၁၀ဝ၀ဝ) တွင် လိုက်ပါစီးနင်းရင်း လေယာဉ်အမှုထမ်းများ၏ ဖော်ရွေပျူ ငှာမှု၊ အရသာထူး ကဲကောင်း မွန်သည့် စားသောက်ဖွယ်ရာ (၉) မျိုးနှင့် အခြားသော အထူးအစီအစဉ်များကို ခံစားကြည့်နိုင်မည် ဖြစ်သည်။

Vietjet လေကြောင်းလိုင်းသည် မကြာမီကျရောက်တော့မည့် ၂၀၂၁ ခုနှစ် ဗီယက်နမ်ရိုးရာနှစ်သစ်ကူး အခါသမယအတွက် လက်မှတ်များ စတင်ရောင်းချနေပြီဖြစ်ပြီး နှစ်သစ်ကူးကာလတွင် မြင့်တက်လာမည့် ခရီး သွားလာမှုကို ကူညီဖြည့်ဆည်းပေးရန်အတွက် ဗီယက်နမ်နိုင်ငံတစ်ဝှမ်း စုစုပေါင်း လေကြောင်းခရီးစဉ်ပေါင်း (၅၀) ကျော်၊ ခုံပေါင်း (၁.၅) သန်းခန့်ကို စီစဉ်ကာ ပျံသန်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။

လက်မှတ်ကို Booking လုပ်ခြင်းဖြင့် ခရီးသည်များအနေဖြင့် လက်မှတ်ရှားပါးခြင်း ပြဿနာကို ရှောင်ရှားနိုင်မည်ဖြစ်ကာ ဗီယက်နမ်နိုင်ငံ၏ ခရီးသွားလာမှု အများဆုံးဖြစ်သည့် ကာလအတွင်း ကုန်ကျ စရိတ်သက်သာစွာဖြင့် လက်မှတ်များ ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။

နှစ်သစ်ကူး အခါသမယတွင် မိသားစုနှင့် ပြန်လည်တွေ့ဆုံမည့်သူများကို ပို့ဆောင်ပေးရန်နှင့်ဗီယက်နမ် နိုင်ငံ တောင်ပိုင်းရှိ ရွှေရောင်တရုတ်ဆီးပွင့်များကို ကြည့်ရှုခြင်း၊ မြို့တော် Hanoi မြို့၏ အေးမြသည့် နွေဦးရာသီ ကိုခံစားကြည့်ခြင်း၊ သို့မဟုတ် နန်းတည်ရာမြို့ဖြစ်သည့် Hue မြို့ရှိ ရှေးဟောင်းနန်းတော်အတွင်း လမ်း လျှောက်ကြည့်ခြင်းစသည့် ဗီယက်နမ်နိုင်ငံ၏ လှပသည့်နေရာဒေသများသို့ သွားရောက်၍ နှစ်သစ်ကူးအခါ သမယကို ဆင်နွှဲနိုင်မည်ဖြစ်သည်။

အထုပ်အပိုး အခမဲ့သယ်ယူခွင့် အထူးအစီအစဉ်အပါအဝင် နှစ်သစ်ကူးအတွက် လက်မှတ်များကို Vietjet လေကြောင်းလိုင်း၏ တရားဝင်လက်မှတ်ရောင်းချရာနေရာများဖြစ်သည့် www.vietjetair.com ၊ “Vietjet Air” မိုဘိုင်းအပလီကေးရှင်း၊ တရားဝင် Facebook စာမျက်နှာဖြစ်သည့် https://www.facebook. com/vietjetvietnam/ ၊ လက်မှတ်အရောင်းရုံးခွဲများနှင့် တရားဝင်ကိုယ်စားလှယ်များထံတွင် ဝယ်ယူရရှိနိုင် ကြောင်းသိရသည်။

AMH(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ