နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ပရောက်နိုင်ငံသားများ၏ အဆိုပြုပုံစံ (၁၅) ကို ရွေးကောက်ပွဲကော်မရှင်သို့ ပထမအကြိမ် လွှဲပြောင်းပေးအပ်

ရန်ကုန်   ဩဂုတ်  ၁၅

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံပြင်ပရောက်ရှိသူများ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်မဲပေးနိုင်ရန် ဖြည့်စွက်ပေးပို့လာသည့် အဆိုပြုပုံစံ(၁၅)ကို သက်ဆိုင်ရာ မြန်မာသံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများမှ ဇူလိုင် ၁၆ ရက်တွင် စတင်စိစစ်လက်ခံဆောင်ရွက်ပေးခဲ့သည်။

ထိုသို့စိစစ်လက်ခံရရှိခဲ့သည့် ပုံစံ(၁၅) စုစုပေါင်း ၄၆၃၁၇ စောင်ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးဝင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဒုတိယ ညွှန်ကြားရေးမှူးဦးရဲရင့်လွင်ထံသို့ ပထမအကြိမ်လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာသံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးနိုင်ရန် ဆက်လက်ပေးပို့လာမည့် အဆိုပြုပုံစံ(၁၅)များကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ စနစ်တကျလွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ