နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြံ့ခိုင်ရေးပါတီအပါအဝင် မိတ်ဖက် (၃၄)ပါတီနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ

ရန်ကုန်  ဩဂုတ်  ၁၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကြံ့ခိုင်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီ (၃၄) ပါတီမှ ခေါင်းဆောင်များက လာမည့်ရွေးကောက်ပွဲတွင် လွတ်လပ်၊ တရားမျှတမှုနှင့် ပတ်သက်ပြီး သြဂုတ် ၁၄  ရက်မှ  တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ကြံ့ခိုင်ရေးပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။
မိတ်ဖက်ပါတီများက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့လိုကြောင်း တောင်းဆိုထားသည့်အတွက် တွေ့ဆုံပွဲဖြစ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။

နေပြည်တော်ကာကွယ်ရေးဦးစီးချုပ်ရုံးတွင် တွေ့ဆုံပွဲကို တက်ရောက်ခဲ့သော မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီဥက္ကဋ္ဌ ဒေါ်စန္ဒာဦးက “ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ညီညီညွတ်ညွတ်နေကြဖို့ အဓိကတိုက်တွန်းခဲ့တယ်”ဟုပြောကြားခဲ့သည်။
တွေ့ဆုံပွဲကို တက်ရောက်ခဲ့သည့်အတွင်း ကြံ့ခိုင်ရေးပါတီမိတ်ဖက်များဖြစ်ကြသည့် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ၊ “ဝ’ အမျိုးသားပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီတို့ ပါဝင်ခဲ့ကြောင်း သိရသည်။

မြင့်မြတ်အောင်မြင်






အခြားဆက်စပ်သတင်းများ