နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်(၇)မြို့နယ်မှ စည်ပင်သာယာရေးကော်မတီများအား ရန်ကုန်မြို့တော်ဝန်မှလမ်းညွှန်မှာကြား

ရန်ကုန် ဧပြီလ ၁၈ ရက် COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် Stay At Home အစီအစဉ်တွင် ပါဝင်သော တောင်ဉက္ကလာပမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် လှိုင်သာယာမြို့နယ်အတွင်း နေထိုင်ကြ သည့် ပြည်သူများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေ ၃ နာရီက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ(၄)၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး တက်ရောက်၍ အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဉက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်၊ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ တွဲဖက်အတွင်းရေးမှူး ဦးသန်းနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ၊ မြို့နယ်စည်ပင်သာယာရေး ဉက္ကဋ္ဌများနှင့် စည်ပင်သာယာအုပ်ချုပ်ရေး မှူးများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် မြို့တော်ဝန် ဦးမောင်မောင်စိုးမှ Stay At Home တွင် ပါဝင်သည့် မြို့နယ်နေ ပြည်သူများ စားဝတ်နေရေးအတွက် မိမိတို့ကော်မတီမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရမှာဖြစ်ပြီး ထိုသို့ ဆောင်ရွက်ရာတွင် တာဝန်ရှိသူအသီးသီးက ကြပ်မတ်ကွပ်ကဲကာ လိုအပ်သည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် အစားအစာများကို အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။ တက်ရောက်လာကြသည့် မြို့နယ်စည်ပင်သာယာ ဉက္ကဋ္ဌများနှင့်စည်ပင်သာယာအုပ်ချုပ်ရေးမှူး များက ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် အခက်အခဲများကို ရှင်းလင်းတင်ပြရာ မြို့တော်ဝန် ဦးမောင်မောင်စိုးမှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ သတင်း/ဓါတ်ပုံ- မိုးဝေ






အခြားဆက်စပ်သတင်းများ