နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထီတစ်စောင်လျှင် ကျပ် ၁၃၀၀ ဖြင့် ဝယ်ယူကံစမ်းနေရ

ရန်ကုန်    ဩဂုတ်   ၁၃


မကြာမီဖွင်​့လှစ်​​တော့မည်​့ (၁၉) ကြိမ်​​မြောက်​​အောင်​ဘာ​လေ ထီဖွင်​့ပွဲမတိုင်​မီ ယခုသြဂုတ်​လလည်​ပိုင်း  မှစတင်​ကာ  ထီထိုးသူအ​ရေအတွက်​များပြားလာသည်​နှင်​့အညီ ထီတစ်​​စောင်​ကျပ်​(၁၃၀ဝ)ထိရှိ​နေ​ကြောင်​း​နေရာအလိုက်​​​ပြောင်​းလဲမှုရှိ​ကြောင်​းထီ​ရောင်​းချသူများထံကသိရသည်​။

" ထီက ကျွန်​​တော်​တို့ အခု ကိုယ်​စားလှယ်​တစ်​ဆင်​့​ရောင်​းအ​နေနဲ့ဝယ်​ကတာ ဆိုင်​ကြီး​တွေက​နေဒီလ အတွက်​​ပေါ့ စဖွင်​့တုန်​းကတစ်​​​စောင်​ကို ကျပ်​ ၁၀၇၀/၁၀၈၀ ဝယ်​ရတယ်​။ ​နောက်​​ဈေးများထပ်ဆင်​းမလားလို့ ဒီရက်​ပိုင်​း​တွေ​မှာသွားဝယ်​​တော့ ကျပ်​ ၁၁၀ဝ / ၁၁၁၀/၁၁၂၀ နဲ့တစ်​ခါဝယ်​ရတယ်​။  ဆိုင်​ကြီး​တွေရဲ့ကိုယ်​စား လှယ်​​ရောင်​း​ဈေးက တစ်​ခုနဲ့တစ်​ခုမတူသလို တစ်​ရက်​နဲ့တစ်​ရက်​လဲမတူကြဘူး။​ ဈေးကအတက်​ပဲရှိသလို  ဖြစ်​​နေတယ်​။ မြို့ထဲမှာဆိုလဲ မိုးယံက အများဆုံးဆို​တော့ မိုးယံရဲ့ထီဖွင်​့​ဈေးကိုနား​ထောင်ပြီး​​ အောက်က ထီဆိုင်​​တွေကရောင်​းကြတာ။ အခုရက်​ပိုင်​းမှာတောင်​ လက်​လီလှည်​့​ရောင်​း​နေတာ တစ်​​စောင်​ကို ကျပ်​ ၁၃၀ဝ အထိ​ရောင်​း​နေရတယ်​။ လကုန်​ပိုင်​း​လောက်​ဆိုရင်​​တော့ တစ်​​စောင်​ကို ကျပ်​ ၁၄၀ဝ ​လောက်​ထိဖြစ်​မယ်​လို့ထင်​တယ်​။ ကိုယ်​စားလှယ်​ဝယ်​​ဈေးကမြင်​့​တော့​ နောက်​ဆုံးထီးထိုးတဲ့သူနဲ့ကျွန်​​တော်​တို့လက်​လီ​ရောင်းတဲ့သူ​တွေစကား​တွေ​ပြောရတာ​ပေါ့။ ကျွန်​​တော်​တို့လည်​းအ​ပြောအဆိုခံပြီ​း​ရောင်​း​နေရတာပါပဲ" ဟု  ထီကိုယ်​စားလှယ်​ရောင်​းဝယ်​သူ ဦး​ကျော်​လွင်​က​ပြောသည်​။

လက်​ရှိတွင်​ ​အောင်​ဘာ​လေထီရုံးမှထုတ်​​ဝေ​သော ထီတစ်​​စောင်​တန်​ဖိုးသည်​ ကျပ်​ ၉၀ဝ ဝန်​းကျင်​ခန်​့ရှိ​ကြောင်​းသိရသည်​။ ပြီးခဲ့သည်​့လတွင်​  အက္ခရာ အလုံး​ရေ ၃၉ လုံးထုတ်​​ဝေရာမှ ယခု သြဂုတ်​လ (၁၉)ကြိမ်​​မြောက်​ထီဖွင်​့ပွဲအတွက်​ အက္ခရာ (၂) လုံး​လျော့ကာ ၃၇ လုံးဖြင်​့ထုတ်​​ဝေသွားမည်​ဖြစ်​ကြောင်​းသိရသည်​။


ထီအက္ခရာတစ်​လုံးတွင်​ အ​စောင်​​ရေ ရှစ်​သိန်​းကိုး​သောင်​း​ကျော်​ထုတ်​​ဝေသည်​့အတွက် အက္ခရာနှစ်​လုံး​လျော့ထုတ်​မည်​ဖြစ်​​သော​ကြောင်​့ ထီအ​စောင်​​ရေ (၁၈)သိန်​းနီးပါး​လျော့ထုတ်​ကာ ကျပ်​သိန်​း(၁၅၀ဝ၀)မှ ကျပ်​ ၅ သောင်းအထိ ထီဆုများ​ပေါက်​နိုင်​​ခြေယခင်​ထက်​များပြားလာမည်​ဖြစ်​​ကြောင်​း ထီအ​ရောင်​းအဝယ်​အသိုင်​းဝိုင်​းမှ သိရသည်​။  ယခုအခါ ထီအ​​ရောင်​းအဝယ်​​လောကတွင်​ မိုးယံ​ရွှေလမင်​းနှင်​့မြတ်​ဆုကု​ဋေ ထိပ်​သီး ကိုယ်​စားလှယ်​ဆိုင်​ကြီးဖြစ်​ပြီး ​ရွှေမြန်​မာ၊ မဟာလာဘံကိုယ်​စားလှယ်​ဆိုင်​ကြီးများမှဖွင်​့​သော ကိုယ်စားလှယ်​​ ထီဖွင်​့​ဈေးအတိုင်​း အခြားထီဆိုင်​အသီးသီးမှ​ ဖွင်​့​ဈေးအနည်​းအများအတိုင်​း​ ရောင်​းဝယ်​ခြင်​းဖြစ်​​ကြောင်​း သိရသည်​။                                                                                                                             


​မင်​းခ






အခြားဆက်စပ်သတင်းများ