နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျေးရွာမတည်ရန်ပုံငွေ VRFP စီမံကိန်းနှင့် Cash For Work စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ ၁၃ ရွာတို့အတွက် ရန်ပုံငွေလွှဲပြောင်းပေးအပ်

ရန်ကုန်    ဩဂုတ်   ၁၃


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေများတိုးပွားလာစေရန်ရည်ရွယ်၍ ကျေးရွာမတည်ရန်ပုံငွေ(VRFP)စီမံကိန်းနှင့် Cash For Work စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၁၃)ရွာတို့အတွက်      ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းကို သြဂုတ် ၁၂ ရက် နံနက် ၁၀ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးအစည်း အဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်၊ တိုင်းဒေသကြီး လွှတ်တော် ဒေါ်မြတ်မာလာထွန်း၊ မြောက်ပိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးဘသိန်းနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်တို့က အသီးသီးအမှာစကားပြောကြား ခဲ့ကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှမျိုးအောင်က စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများအတွက် ရန်ပုံငွေလွှဲပြောင်းပေးအပ်မှုနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ပြည်သူများ လူမှုစီးပွားထိခိုက်မှုများဖြစ်ပေါ်နေ၍ စိုက်ပျိုးထုတ်လုပ် ရောင်းချနေသူများ၊ အသေးစားလုပ်ငန်းလုပ်ကိုင်နေသူများအား စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင် နိုင်စေရန် (VRFP)စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ(၅)ရွာအတွက် ကျေးရွာမတည်ရန်ပုံငွေ ကျပ်သိန်း(၁၂၀၀)နှင့် ပြည်သူများကို အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိအောင် ဆောင်ရွက်ပေးနေသော Cash For Work စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၈)ရွာအတွက် ရန်ပုံငွေကျပ်(၈၀၀) တို့ကို တာဝန်ရှိသူများက ကျေးရွာစီမံကိန်းတာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

နိုင်လင်း၊ သိန်းဦး






အခြားဆက်စပ်သတင်းများ