နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စိုက်ပျိုးရေးဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းပို့ချ

လေးမျက်နှာ    ဩဂုတ်   ၁၃


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဟင်္သာတခရိုင် မြေ၊ မျိုး၊ ပိုးတာဝန်ခံများမှ လေးမျက်နှာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး နည်းပညာပေးသင်တန်းကို သြဂုတ် ၁၃ ရက် နံနက် ၈ နာရီတွင် အဆိုပါစိုက်ပျိုးရေးဦးစီးမှူး ရုံး၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစောဝင်းရွှေက သင်တန်းအဖွင့်အမှာစကားပြောကြားပြီး ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ခင်ခင်မြင့်က ဝန်ထမ်းများအား သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ခရိုင်မြေအသုံးချရေးတာဝန်ခံမှ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ရမည့် နည်းပညာများကိုလည်းကောင်း၊ ခရိုင်မျိုးစေ့တာဝန်ခံမှ မျိုးကောင်းမျိုးသန့် အသုံးပြုခြင်းနှင့် မျိုးစေ့ထုတ်နည်းပညာများကိုလည်းကောင်း၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံမှ ကန္တာရ ကျိုင်းကောင်နှင့် စိုက်ပျိုးရာသီအလိုက် ကျရောက်တတ်သော ပိုးမွှားရောဂါနှင့် ကာကွယ်နှိမ်နင်းနည်းများကိုလည်းကောင်း အသီးသီးသင်ကြားပို့ချခဲ့ကြသည်။

အဆိုပါသင်တန်းသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းသား၊ သင်တန်းသူဦးရေ (၁၉)ဦး တက်ရောက် သင်ကြားခဲ့ကြောင်းသိရသည်။                                                                                   

ရွှေမိုး(လေးမျက်နှာ)






အခြားဆက်စပ်သတင်းများ