နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်​းစိန်​မီးရထားခုံ​းကျော်​ မင်​းကြီးလမ်​းဘက်​ခြမ်​း တံတားသစ်​ သံ​ပေါင်​တပ်​ဆင်​လုပ်​ငန်​းများ ပြီးစီးလာ

ရန်ကုန်    ဩဂုတ်  ၁၃


ရန်​ကုန်​တိုင်​း​ဒေသကြီး အင်​းစိန်​မြို့နယ်​တွင်​လက်​ရှိအသုံးပြုလျက်​ရှိ​သော ရထားလမ်​းခုံး​ကျော်​တံတားအမှတ်​(၂)အင်​းစိန်​နှင်​့ဆက်​သွယ်​ကာ မြန်​မာ့မီးရထား(မြို့ပြ) အင်​ဂျင်​နီယာဌာန တံတား​ပေါင်​အလုပ်ရုံ(မလွှကုန်​း)မှ တာဝန်​ယူ​ဆောင်​ရွက်​နေ​သော ရထားလမ်​းခုံး​ကျော်​တံတားသစ်​(မင်​းကြီးလမ်​းဘက်​ခြမ်​း) တည်​​ဆောက်​​ရေးစီမံကိန်​းသည်​ လက်​ရှိတွင်​တံတားသံ​ပေါင်​တပ်​ဆင်​လုပ်​ငန်​းများပြီးစီးကာ လုပ်​ငန်​းပြီးစီးမှု  ၈၅ ရာခိုင်​နှုန်​းခန်​့ရှိပြီး လာမည့်စက်​တင်​ဘာလကုန်​ပိုင်​းအပြီးတည်​​ဆောက်​ရန်​ အရှိန်​အဟုန်​​မြှင်​့​ဆောင်​ရွက်​​နေ​ကြောင်​း ထိုတံတားတည်​​ဆောက်​​ရေးစီမံကိန်​းတာဝန်​ခံရုံးမှ သိရသည်​။

   " ဒီခုံး​ကျော်​တံတားတည်​​ဆောက်​ခြင်​းလုပ်​ငန်​း​တွေက အခုအ​ခြေအ​နေ မှာအလုံးစုံပြီးစီးမှုအ​နေနဲ့ဆိုရင်​ ၈၅ ရာခိုင်​နှုန်​း နီးပါး​လောက်​ပြီးလာပြီ​ပေါ့။ ဒီကြားထဲမှာ ကိုဗစ်​ကပ်​​ရောဂါကလည်​းဖြစ်​​တော့ လုပ်​ငန်​း​တွေ က အနည်​းငယ်​​တော့​နှောင်​့​နှေးကြန်​့ကြာတာ​လေး​တွေရှိတယ်​။ ဒါ​ပေမဲ့ လာမည့်စက်​တင်​ဘာလကုန်​ပိုင်​းကို​တော့ ပြီးစီး​​အောင်​ ဆောင်​ရွက်​ဖို့ ကြိုးပမ်​းလုပ်​​​ဆောင်​နေပါတယ်​။ တံတားတိုင်​​တွေပြီးလို့ တံတာပေါင်တွေ        သံပေါင် တွေ၊PC Girder ​ပေါင်​​တွေတင်​​ပြီးသွားပြီး ထပ်​မံပြီး​တော့ ကြမ်​းခင်​း​လောင်​းကွန်​ကရစ်​ခင်​းဖို့ဘဲကျန်​​တော့တယ်​။ လုပ်​ငန်​း​တွေကို​တော့ သွားလာ​ရေးလဲအဆင်ပြေ​အောင်​မထိခိုက်​​အောင်​ ညပိုင်​းမှာ​ဆောင်​ရွက်​မှာဖြစ်​ပါတယ်​"ဟု မြန်​မာ့မီးရထား(မြို့ပြ)အင်​ဂျင်​နီယာဌာနတံတား​ပေါင်​အလုပ်ရုံ(မလွှကုန်​း) အင်​ဂျင်​နီယာ မှူးဦး​မောင်​ချိုက​ ပြောသည်​။

  ယခုအခါတွင်​ တင်​ဒါ​အောင်​မြင်​​သော A1 ​ဆောက်​လုပ်​​ရေး ကုမ္ပဏီမှ တာဝန်​ယူ​ဆောင်​ရွက်​​နေပြီး တံတားတိုင်​​လေးတိုင်​တည်​​ဆောက်​ခြင်​း၊ တံ​တားသံ​ပေါင်​များတင်​ခြင်​း၊PC Girder များတင်​ခြင်​းလုပ်​ငန်​း ပြီးစီး​နေပြီဖြစ်​သည်​။  P28၊P29၊AB (ချဉ်​းကပ်​)တိုင်​များကို  ကွန်​ကရစ်​တံတား​ပေါင်​များတပ်​ဆင်​ခြင်​းလုပ်​ငန်​း  များ P26(A)၊P26(B)၊P27၊P28 တံတားတိုင်​များကို Streel Box Girders များဖြင်​့ ဆက်​သွယ်​တပ်​ဆင်​ခြင်​းလုပ်ငန်း များပြီးစီး​နေပြီဖြစ်​သည်​။ ထိုမှတစ်​ဆင်​့ ကွန်​ကရစ်​ Slab ​လောင်​းခြင်​း/ကားလမ်​းပြုလုပ်​ခြင်​း/လူသွားလမ်​း ပလက်​​ဖောင်​းနှင်​့ Hand Rail များတပ်​ဆင်​ခြင်​း/​ဆေးသုတ်​ခြင်​းနှင်​့အ​ချောသပ်​လုပ်​ငန်​းများ​ဆောင်​ရွက်​ခြင်​း တို့ကို စက်​တင်​ဘာလကုန်​ပိုင်​းအပြီး​ ဆောင်​ရွက်​ရန်​အဆင်​့ဆင်​့ပြုလုပ်​သွားမည်​ဖြစ်​​ကြောင်​း သိရသည်​။

   ထိုအင်​းစိန်​ခ​ုံးကျော်​တံတားမင်​းကြီးလမ်​းဘက်​ခြမ်​း လက်​တက်​တံတားကိုပြီးခဲ့သည်​့ ဘဏ္ဍာ​ရေးနှစ်​(၂၀၁၈-၂၀၁၉)မှစတင်​ကာ ယခုအချိန်​ထိတည်​​ဆောက်​​နေခြင်​းဖြစ်​သည်​။ ထိုတံတားလက်​တက်​သည်​ယခင်​အင်​းစိန်​မီးရထားခုံး​ကျော်​တံတားကြီးကို ဆက်​သွယ်​ကာ ခုံး​ကျော်​တံတားအဖြစ်​ ဗဟိုလမ်​းကိုဖြတ်​သန်​းပြီး မင်​းကြီးလမ်​းအတိုင်​း တံတားတိုင်​ P26(A)|P26(B)|P27|P28|P29|AB (ချဉ်​းကပ်​)တစ်​ခုတို့ဖြင်​့ ဆက်​စပ်​ဖ​ွဲ့စည်​း ​တည်​​ဆောက်​ခြင်​းဖြစ်သည်​။

စီမံကိန်​းသည်​​အောက်​ခံ Bord Pile Foundation ဖြစ်​ကာ RC Girder နှင်​့ Steel Girder ​ပေါင်​းပြီး           ကွန်​ကရစ်​ကြမ်​းခင်​းတံတားဖြစ်​​ကြောင်​း သိရသည်​။ တံတားသည်​အရှည်​ ၄၄၁ ​ပေနှင်​့ ချဉ်းကပ်​တံတား အရှည်​သည်​ ၁၂၃ ​ပေ ရှိသည်​။ အကျယ်​သည်​​ ဘေးတစ်​ဖက်​တစ်​ချက်​လူသွားလမ်​းပလက်​​ဖောင်​းပါ၀င်​ကာ  ကား အဆင်​းတစ်​လမ်​းသွား အကျယ်​ ၁၆ ​ပေ ရှိပြီး တံတားအမြင်​့သည်​ ကားလမ်​းအလွတ်​ အမြင်​့ဆုံး​နေရာ၌ ၁၈ ​ပေမြင်​့သည်​။ စီမံကိန်​းကို ကျပ်​သန်​း​ပေါင်​း ၁၉၁၀ သန်​း အကုန်​ကျခံ တည်​​ဆောက်​ခြင်​းဖြစ်​​ကြောင်​း ထိုတံတားတည်​​ဆောက်​​ရေးစီမံကိန်​းတာဝန်​ခံရုံးမှ သိရသည်​။

 တံတားတည်​ဆောက်​​ရေးတာဝန်​ခံ  အင်​ဂျင်​နီယာမှူးဦး​မောင်​ချိုက" ခရီးသွားပြည်​သူ​တွေဟာ         အင်းစိန်စျေး ဘက်​က​နေလာပြီး အင်​းစိန်​ခုံး​ကျော်​တံတားကြီးက​နေ ​ဒီဘက်​မင်​းကြီးလမ်​းကိုဆင်​းလို့မရပါဘူး။ ဗဟိုလမ်​းကို​တော့ ဆင်​းလို့ရတယ်​။ ကျွန်​​တော်​တို့ အင်​းစိန်​​စျေးက​နေ မင်​းကြီးလမ်​းကိုလာချင်​ရင်​ တံတား အတိုင်​း အဆုံးထိလာပြီး အဲ့က​နေ ​နောက်​​ကြောင်​းပြန်​လှည်​့ပြီးမှ တံတား​ဘေးက​နေ မင်​းကြီးလမ်​းဘက်ကို ပြန်​သွားရတာပါ။ ​ဒီအတွက်​သွားလာတဲ့သူ​တွေဟာ ခရီး​ထောက်​တာ​ပေါ့။ အခု​တော့ မင်​းကြီးလမ်​းဘက်​ကို တံတားလက်​တက်​တည်​​ဆောက်​​နေပြီဆို​တော့ ပြီးစီးသွားရင်​ လှိုင်​သာယာဘက်​နဲ့ အင်​းစိန်​​စျေးဘက်​က​ခရီးသွား​တွေဟာ တံတားကြီးအတိုင်​း မင်းကြီးလမ်​းဘက်​မှာရှိတဲ့ အင်​းစိန်​​ဆေးရုံ|တရားရုံး|အင်​းစိန်​(GTI)စတဲ့​နေရာ​တွေဘက်​ကို လွယ်​လွယ်​ကူကူသွားလာလို့ရမှာဖြစ်​ပါတယ်​။ ဒီအတွက်​လာမည့် သြဂုတ်​လကုန်​ပိုင်​းပြီးစီး  နိုင်​​ရေးကို​ဆောင်​ရွက်​​နေပါ တယ်​" ဟု ​ပြောသည်​။

  ထိုအင်​းစိန်​ခ​ုံးကျော်​တံတား မင်​းကြီးလမ်​းဘက်​ခြမ်​းလက်​တက်​တံတားကို ပို့​ဆောင်​​ရေးနှင်​့ဆက်​သွယ်​​ရေးဝန်​ကြီးဌာန| မြန်​မာ့မီးရထား(မြို့ပြ) အင်​ဂျင်​နီယာဌာန တံတား​ပေါင်​အလုပ်ရုံ(မလွှကုန်​း)၏ဘတ်ဂျက်​ ဖြင်​့​ဆောင်​ရွက်​ခြင်​းဖြစ်​ပြီး တင်​ဒါ​အောင်​မြင်​​သော A1 ​ဆောက်​လုပ်​​ရေး ကုမ္ပဏီ မှ တည်​​ဆောက်​​နေခြင်​းဖြစ်​သည်​။ Stell Box Girders များကို JNM ကုမ္ပဏီ မှထုတ်​လုပ်​​ဆောင်​ရွက်​​ကြောင်​းထိုတံတားတည်​​ဆောက်​​ရေးစီမံကိန်​းတာဝန်​ခံရုံးမှ သိရသည်​။

     

 ​မင်​းခ






အခြားဆက်စပ်သတင်းများ