နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံခြားသားကုမ္ပဏီဝန်ထမ်းများနှင့် မိသားစုဝင်ငွေများ၏ စီးပွားရေးဗီဇာများကို အွန်လိုင်းစနစ်ဖြင့်လျှောက်ထားနိုင်

  ဩဂုတ်  ၁၃


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုချက်ဖြင့်လုပ်ကိုင်နေသည့် ကုမ္ပဏီများမှ ဝန်ထမ်းများနှင့် ယင်းတို့၏  မိသားစုဝင်များ၏ စီးပွားရေးဗီဇာများကို အွန်လိုင်းစနစ်နဲ့ DICA မှာ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)မှ သိရပါတယ်။

“လက်ရှိ မြန်မာနိုင်ငံကုမ္ပဏီများ မှတ်ပုံတင်စနစ် (MyCo)မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေအနေနဲ့ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုချက်ရယူလျက်ရှိတဲ့ နိုင်ငံခြားသား ဒါရိုက်တာ၊ ဝန်ထမ်းများပါဝင်တဲ့ ကုမ္ပဏီတွေဟာ သူတို့ဝန်ထမ်းများ၊ အဖွဲ့ဝင်များ၊ မိသားစုဝင်များရဲ့ စီးပွားရေးဗီဇာများကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနမှာ သက်တမ်းတိုးနိုင်ရေးအတွက် အလုပ်အကိုင်လုပ်ကိုင် နေတာမှန်ကန်ကြောင်း ကျွန်တော်တို့ဌာနမှာ လာယူရတာရှိပါတယ်။ အဲ့ဒီနေရာမှာ ပိုမိုလွယ်ကူအောင် အွန်လိုင်းစနစ်နဲ့ www.dica.go.mm မှာ visa လျှောက်ထားနိုင်ပြီဖြစ်ကြောင်းတင်ပြလိုပါတယ်”ဟု DICA ရဲ့ ညွှန်ကြားရေးမှုးချုပ် ဦးသန့်စင်လွင်က ပြောသည်။

လက်ရှိတွင် COVID 19 ကာလဖြစ်သော်လည်း မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုဝင်ရောက်နေခြင်းမှာ                                                                                                       လျော့နည်းသွားခြင်းမရှိသလို ယခင်သဘောတူချက် ခွင့်ပြုချက်ကျပြီးသောလုပ်ငန်းများကိုလည်း ပုံမှန် ဆောင်ရွက်နေကြောင်း၊ ထပ်မံလာရောက်မည် ရင်းနှီးမြှုပ်နှံမှုများလည်းရှိနေဆဲဖြစ်ကြောင်း DICA မှ သိရ သည်။

၂၀၁၉-၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇူ လိုင် ၃၁ ရက်နေ့အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ လုပ်ငန်း ၂၁၉ ခု ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၈၄၈ ဒသမ ၇၁၀ သန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင်  ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄၉၇၇ ဒသမ ၈၂၂ သန်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် အထူးစီးပွားရေးဇုန်ဥပဒေအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်း ခွင့်ပြုပြီးရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်   ဒေါ်လာ ၁၁၆ ဒသမ ၅၅၇ သန်းဖြစ်ကြောင်း သိရသည်။                                                       


 မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ