နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
SMEs လုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေး အွန်လိုင်းဆွေးနွေးပွဲ ကျင်းပမည်

ရန်ကုန်  ဩဂုတ်  ၁၃


Covid ကာလ SMEs လုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေးနှင့် JICA SME Two Steps Loan လျှောက်ရန် လိုအပ်သည့်လုပ်ငန်းစဉ်များ အသိပညာပေးရေးတို့အတွက် အွန်လိုင်းဆွေးနွေးပွဲကို မကြာမီ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

COVID-19 ကပ်ရောဂါကာလ SMEs လုပ်ငန်းများထိခိုက်မှုမှသည် ပြန်လည်နလံထူ၍ ရေရှည် ဖွံ့ဖြိုးတိုးတက်သောလုပ်ငန်းများအဖြစ် ထူထောင်နိုင်ရန်အတွက် JICA မှ သက်ဆိုင်ရာ အစိုးရဌာန၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အွန်လိုင်းဆွေးနွေးပွဲတစ်ရပ်ကို မြန်မာဘာသာဖြင့် စက်တင်ဘာလတွင်         နှစ်ရက်တာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 


အဆိုပါ အွန်လိုင်းဆွေးနွေးပွဲတွင် SMEs လုပ်ငန်းများအတွက် အသုံးဝင်မည့်  စီမံခန့်ခွဲမှု နည်းလမ်းများ၊ နည်းဗျူဟာများနှင့်သတင်းအချက်အလက်များကိုပံ့ပိုးပေးခြင်း၊ JICA SME Two Steps Loan လျှောက်ရန် လိုအပ်သည့်လုပ်ငန်းစဉ်များကို အသိပညာပေးခြင်းတို့ဖြင့် ပါဝင် ဆွေးနွေးပေးသွားမည်ဖြစ်သည်။

COVID-19 အကျပ်အတည်းကာလ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပြန်လည် ထူထောင်နိုင်ရေးအတွက် JICA မှ ကျင်းပပြုလုပ်မည့် အွန်လိုင်းဆွေးနွေးပွဲအတွက်  ဩဂုတ် ၁၁ ရက်က Japan International Cooperation Agency (JICA) ရန်ကုန်ရုံးခွဲမှ တာဝန်ရှိသူနှင့် ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူတို့ အကြိုညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့သည်။                                             


မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ