နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သံလွင်ဆီတွင် ပါဝင်သော အာဟာရဓာတ်မှာ ဦးနှောက်ကင်ဆာကို ကာကွယ်ပေးနိုင်

ဩဂုတ်  ၁၂


သံလွင်ဆီတွင်ပါဝင်သော အာဟာရဓာတ်တစ်မျိုးက ဦးနှောက်ဆဲလ်များအတွင်း ကင်ဆာဖြစ်စေသော မျိုးဗီဇများ အလုပ်မလုပ်စေရန် ကာကွယ်တားဆီးနိုင်ကြောင်း အီဒင်ဘာရာတက္ကသိုလ်မှ သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။

သံလွင်ဆီတွင် အဓိကပါဝင်သော Oleic အက်ဆစ်သည် ဖက်တီးအက်စစ်များဟုခေါ်သော အာဟာရဓာတ် အုပ်စုဝင် အက်ဆစ်တစ်မျိုးဖြစ်သည်။ ဦးနှောက်ထဲရှိ miR-7 ဟုခေါ်သော အကျိတ်ဖြစ်ပေါ်မှုကို တားဆီးသည့် ဆဲလ်အပေါ် Oleic အက်ဆစ်၏ သက်ရောက်ပုံများကို သုတေသီများက လေ့လာခဲ့ခြင်းဖြစ်သည်။

ယင်းအက်ဆစ်ဓာတ်က MS12 ဟုခေါ်သော ဆဲလ်များမှ miR-7 ထုတ်လုပ်မှုကို ရပ်တန့်စေနိုင်ကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။ အကျိတ်ဖြစ်ပေါ်မှုကိုတားဆီးပေးသော miR-7 ဆဲလ်များ ထုတ်လုပ်မှုကို Oleic အက်ဆစ်က အထောက်အကူဖြစ်စေသည်။

ယခုလေ့လာတွေ့ရှိမှုက ဦးနှောက်ကင်ဆာကိုကာကွယ်ရေး သံလွင်ဆီကို အခြေခံသော ကုသနည်း ရှာဖွေရာတွင် အထောက်အကူပြုနိုင်သည်ဟု သုတေသီများက ပြောသည်။

အစားအစာများတွင် သံလွင်ဆီကိုထည့်သွင်းစားသုံးခြင်းဖြင့် ဦးနှောက်ကင်ဆာရောဂါကို ကာကွယ်နိုင် သလားဆိုသည်ကို မိမိတို့မပြောနိုင်သော်လည်း မိမိတို့၏လေ့လာမှုအရ Oleic အက်ဆစ်သည် အကျိတ်များ မဖြစ်ပေါ်အောင် တားဆီးပေးသော မော်လီကျူးများထုတ်လုပ်မှုကို အထောက်အကူပြုနိုင်ကြောင်း ဓာတ်ခွဲခန်း အတွင်း လေ့လာမှုအရ သိရသည်ဟု သုတေသီများက ပြောသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ