နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မော်လမြိုင်ရထားခရီးစဉ်များ ယာယီရပ်ဆိုင်းထား

မော်လမြိုင် ဧပြီ ၁၈ မော်လမြိုင်ဘူတာမှ ထွက်ခွာမည့်ဖော်ပြပါ ရထားခရီးစဉ်များဖြစ်သည့် အမှတ်(၁၇၅) အဆန်/ (၁၇၆) အစုန် (ရန်ကုန်-မော်လမြိုင်-ရေး-ထားဝယ်ရထား)၊ အမှတ် (၈၅) အဆန်/ (၈၆)အစုန် (မော်လမြိုင်- ပဲခူး- မော်လမြိုင် လော်ကယ်ရထား)နှင့် အမှတ်(၁၇၁)အဆန် / (၁၇၂) အစုန် (မော်လမြိုင်-ရေး- မော်လမြိုင်)ကို ဧပြီ ၁၀ ရက်မှစ၍ ဧပြီ ၁၉ ရက်အထိ ယာယီရပ်ဆိုင်းထားပြီးဖြစ်သော်လည်း ယခုအခါ COVID-19ရောဂါ သည် အလျင်အမြန်ပြန့်ပွားနေမှုကို ထိန်းချုပ်ကာကွယ်ရန်အတွက် ရထားခရီးစဉ်များရပ်ဆိုင်းမှုများကို ဧပြီ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်ထားကြောင်း သိရသည်။ သို့ဖြစ်သောကြောင့် ရန်ကုန်-မော်လမြိုင်သို့ ရန်ကုန်ဘူတာမှ နံနက် ၆ နာရီခွဲအချိန် စတင်ထွက်ခွာပြီး၊ မော်လမြိုင်- ရန်ကုန်သို့ မော်လမြိုင်ဘူတာမှ နံနက် ၈ နာရီ စတင်ထွက်ခွာလျက်ရှိပြီး ကျန်ရထားခရီးစဉ်များကို ခေတ္တရပ်ဆိုင်းထားကြောင်း သိရသည်။ (NWA)






အခြားဆက်စပ်သတင်းများ