နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး အတွင်း ည (၁၀)နာရီမှ မနက် (၄) နာရီအတွင်း ညမထွက်ရအမိန့် အား တိုင်းအစိုးရအဖွဲ့မှ ထုတ်ပြန်

ရန်ကုန် ဧပြီ ၁၈ Coronavius Disease 2019 (COVID -19) ရောဂါသည် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံသို့စတင်ကူးစက်ပြန့်နှံ့ ခဲ့ရာ ယခုအချိန်ထိ ကူးစက်ခံရသူများအနက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဗိုလ်တထောင်မြို့နယ်၊အင်းစိန်မြို့နယ် ၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊အလုံမြို့နယ်၊စမ်းချောင်းမြို့နယ်၊ ဗဟန်းမြို့နယ်၊မင်္ဂလာဒုံမြို့နယ်၊တာမွေမြို့နယ်၊မရမ်းကုန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊မြောက်ဥက္ကလာပမြို့နယ်၊လှိုင်သာယာမြို့နယ်၊လှည်းကူးမြို့နယ်၊ရွှေပြည်သာမြို့နယ်၊ပန်းဘဲတန်းမြို့နယ်၊ပုဇွန်တောင်မြို့နယ်နှင့် တောင်ဒဂုံမြို့နယ် စုစုပေါင်း မြို့နယ် (၁၇) နှစ်မြို့နယ် မှ လူဦး(၆၈) ဦးအား COVID -19 ရောဂါကူးစက်ခံထားရပြီး (၃)ဦးမှာ သေဆုံးခဲ့ပြီးဖြစ်ကြောင်းသိရသည်။ ထို့ကြောင့် COVID-19 ရောဂါသည် အများပြည်သူများ၏ ကျန်မားရေး ၊စီးပွားရေး၊လူမှုရေး များ ထိခိုက်သည့်အပြင် အသက်အန္တရာယ်သေဆုံးသည်အထိ ဖြစ်ပွားလာသည်ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၂၀၂၀ပြည့်နှစ် ဧပြီလ (၁၇) ရက်စွဲဖြင့် ဧပြီလ ၁၈ ရက်နေ့မှ စတင်ကာ ည (၁၀) နာရီ မှ မနက် (၄) နာရီ အတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်း ညမထွက်ရအမိန့်အား တရားဝင်ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။ ဧပြီလ (၁၈)ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၉၄)ဦးရှိပြီးဖြစ်ကာ သေဆုံးသူ (၅)ဦး ရှိပြီး ရောဂါပိုးမတွေ့သဖြင့် ဆေးရုံမှဆင်းခွင့်ပြုထားသူ (၂)ဦးနှင့် (၃)ဦးမှာ နှစ်ကြိမ်ဆေးစစ်မှုအရ ပိုးတွေ့ရှိခြင်းမရှိသည့်အဖြေရထားကြောင်း သိရသည်။ မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ