နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၁)ရပ်ကွက်၊ မြဝတီလမ်းရှိ 500KVATR ချို့ယွင်းသွား၍ YESC မှ မီးစက်ဖြင့်ပုံမှန်ဓါတ်အားပေးခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိ

ရန်ကုန် သြဂုတ် ၇


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် အမှတ်(၁)ရပ်ကွက်၊ မြဝတီလမ်း ရှိ 500KVA TR ချို့ယွင်းသွား၍ လျှပ်စစ်မီးရရှိရေး၊ အချိန်မီပြီးစီးနိုင်ရေးအတွက် YESC မှ မီးစက် ဖြင့် ပုံမှန်ဓါတ်အားပေးခြင်းကို ဩဂုတ် ၆ ရက် နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ အမှတ်(၁)ရပ်ကွက်၊ မြဝတီလမ်းရှိ 500KVA TR ချို့ယွင်းသွားသဖြင့် ဗိုလ်ချုပ်လမ်း၊ မြဝတီလမ်း၊ ဗိုလ်စိန်မှန်လမ်းတချို့ မီးပြတ်တောက်မည်ဖြစ်ပြီး YESC မှ မီးစက်ဖြင့် ပုံမှန်ဓါတ်အားပေးခြင်း လုပ်ငန်း   ဆောင်ရွက်ပေးလျှက်ရှိရာ မိုးရာသီကာလပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး၊ ဓါတ်အားလိုင်း ပြတ်တောက်ခြင်းများ မဖြစ်ပေါ်စေရေး၊ လုပ်ငန်းများအချိန်မီ ပြီးစီးနိုင်ရေးအတွက် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးလှမြင့်နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦးသီဟထွန်းတို့က ထရန်စဖော်မာ အလျင်အမြန်လဲလှယ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရသည်။


ကိုကို






အခြားဆက်စပ်သတင်းများ