နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဧရာဝတီတိုင်းဒေသကြီးအတွင်း ပင်လယ်ငါးဖမ်းလုပ်ငန်းများကို စက်တင်ဘာ ၁ ရက်မှစတင်၍ လုပ်ပိုင်ခွင့်ပြုသွားမည်

ပုသိမ်၊  ဩဂုတ်  ၇


ဧရာဝတီတိုင်းဒေသကြီးအတွင်း ပင်လယ်ငါးဖမ်းလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁ ရက် မှ စတင်ကာ လုပ်ပိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရ သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပင်လယ်ငါးဖမ်းလုပ်ငန်းများကို Covid-19 ကာလနှင့် ငါးမဖမ်းရကာလ ၃ လ သတ်မှတ်၍ ရပ်နားခဲ့ခြင်းဖြစ်ပြီး စနစ်တကျစစ်ဆေးကာ ပြန်လည်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဖျာပုံမြို့နယ်သည် ပင်လယ်ငါးဖမ်းလုပ်ငန်းကို အများဆုံးလုပ်ကိုင်ကြပြီး ပင်လယ် သင်္ဘော ၂၀၃ စင်းလျှင် ကျားဖောင် ၁၆၂၄ ဖောင်သာ လိုင်စင်ထုတ်ပေးထားခြင်းဖြစ်ကြောင်း၊ ငါးဖမ်းစက်လှေ များကို ပြန်လည်ခွင့်ပြုသည့်အချိန်တွင် အဝင်၊အထွက်များကို စနစ်တကျစစ်ဆေးခြင်း၊ ရေလုပ်သားများကို  စစ်ဆေးခြင်း စသည့် လုပ်ငန်းများကို ဓမင်းဆိပ်စစ်ဆေးရေးဂိတ်နှင့် ခါးပြတ်စစ်ဆေးရေးဂိတ် ၂ ခု ထားပြီး တိုင်းဒေသကြီးအစိုးရ၏လမ်းညွှန်မှုဖြင့် ငါးလုပ်ငန်းဦးစီးဌာန၊ လ.ဝ.ကရုံးမြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှသိရသည်။   

(ညီမြင့်)






အခြားဆက်စပ်သတင်းများ