နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆယ်ကျော်သက်များ ညဘက်ဖုန်းအသုံးပြုခြင်းသည် စိတ်ဓာတ်ကျခြင်းကို ဖြစ်ပေါ်စေနိုင်

ဩဂုတ်  ၇


ဆယ်ကျော်သက်များအနေဖြင့် ညဉ့်နက်သန်းခေါင်အချိန်တွင် မိုဘိုင်းဖုန်းများကိုအသုံးပြုခြင်းသည် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ချို့တဲ့စေကြောင်း သြစတြေးလျနိုင်ငံရှိ မားဒေါ့နှင့် ဂရစ်ဖစ်တက္ကသိုလ်တို့မှ သုတေသနပညာရှင်များက တွေ့ရှိထားသည်။

ဆယ်ကျော်သက်များ ညဉ့်နက်သန်းခေါင် မိုဘိုင်းဖုန်းအသုံးပြုခြင်းနှင့် စိတ်ကျန်းမာရေးအခြေအနေ ဆက်စပ်မှုဆိုင်ရာပြုလုပ်သော အဆိုပါလေ့လာမှုသည် ကမ္ဘာ့ပထမဆုံးအဖြစ် ကာလအရှည်ကြာဆုံး သုတေသနပြုမှုဖြစ်သည်။

အဆိုပါလေ့လာမှုအရ ထိုကဲ့သို့ မိုဘိုင်းဖုန်းအသုံးပြုခြင်းအားဖြင့် ဆယ်ကျော်သက်များသည် အိပ်စက်ခြင်း နည်းပါးသည့်အတွက် စိတ်ခံစားမှုများပြောင်းလဲလာကာ ရန်လိုသည့်စိတ်များ ပိုမိုဖြစ်ပေါ်လာသည့်အပြင် စီမံခန့်ခွဲမှုစွမ်းရည်များ ကျဆင်းလာပြီး ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားလေးစားခြင်းလည်း လျော့ကျသွား၍ စိတ်ကျခြင်းရောဂါလက္ခဏာများကို ခံစားရကြောင်း တွေ့ရှိရသည်။

လေ့လာမှုလုပ်ဆောင်သူများသည် လူငယ်များအနေဖြင့် မိုဘိုင်းဖုန်းအသုံးပြုကာ ညဘက် မည်သည့် အချိန်အထိ စာတိုပေးပို့ခြင်းနှင့် ဖုန်းပြောဆိုမှုများ လုပ်ဆောင်သည်ကို အဓိကထား၍ မေးမြန်းခဲ့ကြခြင်း ဖြစ်သည်။

ထို့နောက် ညဉ့်နက်သန်းခေါင်အချိန်အထိ မိုဘိုင်းဖုန်းအသုံးပြုသူများသည် အိပ်စက်ခြင်းအလေ့အကျင့် ပျက်စီးလာပြီး အချိန်ညဉ့်နက်လေလေ ကောင်းမွန်သော အမူအကျင့်များနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးများ ချို့ယွင်းလာလေလေဖြစ်ကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ