နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အန္တရာယ်ရှိအပင်များရှင်းလင်း၊ စိမ်းလန်းစိုပြည်ရေးဆောင်ရွက်

ရန်ကုန် ဩဂုတ် ၇


မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့ (မြေယာရှုခင်းနှင့်အားကစားကွင်းများ)မှ ဒဂုံမြို့သစ်(တောင်ပိုင်းမြို့နယ်ရှိဘုန်းတော်ကြီးသင်ပညာရေးကျောင်းဝင်း၊ ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ထိုင်းစစ်သံရုံးဝင်းနှင့်ကြည့်မြင်တိုင်မြို့နယ် ဗားကရာချောက်ရှိ ပိတ်ဆို့ပင်များအားရှင်းလင်းခဲ့သည်။

ထို့အပြင် ဗိုလ်တထောင်မြို့နယ် လမ်း(၅၀) တွင်ရေမြောင်းနှင့်မလွတ်ကင်းသည့်ဗန်ဒါပင်ရှင်းလင်းခြင်း၊ ကြည့်မြင်တိုင်မြို့နယ် ထီးတန်းလမ်းချဲ့ရာတွင် မလွတ်ကင်းသည့်အပင်များရှင်းလင်းခြင်း၊ လှိုင်မြို့နယ် (၄) ရပ်ကွက် ငုဝါ(၃)လမ်း နှင့်သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်း တို့တွင် ဓါတ်အားလိုင်းနှင့်မလွတ်ကင်းသည့်အပင်များရှင်းလင်းခြင်း၊ ရန်ကင်းမြို့နယ် (၈)ရပ်ကွက် ကံဘဲ့ကစားကွင်းမြက်ရှင်းလင်းခြင်း၊ သာကေတမြို့နယ် ဧရာဝဏ်အဝိုင်းအား ဆွမ်းအုပ်ရုပ်ဖြင့်အလှဆင်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သတင်း-သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ