နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ သန်းကျော် ရှိလာ

ဩဂုတ် ၇၊ နယူးဒေလီ


အိန္ဒိယနိုင်ငံမှာ အမေရိကန်နှင့် ဘရာဇီးနိုင်ငံတို့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ သန်း ကျော်ရှိသည့် တတိယမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။ လွန်ခဲ့သည့်ရက် ၂၀ အတွင်း ကူးစက်ခံရသူ တစ်သန်း ရှိခဲ့ပြီး အဆိုပါနှုန်းမှာ အမေရိကန်၊ ဘရာဇီးနိုင်ငံများထက် ပိုမြန်နေသည်။ အိန္ဒိယနိုင်ငံမှာ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း ရောဂါစမ်းသပ်မှုများကို သိသိသာသာ တိုးမြှင့်ဆောင်ရွက်ခဲ့သော်လည်း ပြည်နယ်တစ်ခုချင်းစီအလိုက် အခြေအနေ ကွာခြားသည်။ ကူးစက်မှုမြင့်မားသည့် နေရာသစ်များ ရှိလာခြင်း ကြောင့် အတည်ပြုလူနာ မြင့်တက်နေသော်လည်း အိန္ဒိယအစိုးရက ပိတ်ဆို့မှုများကို ပြန်ဖွင့်ပေးလျက်ရှိသည်။


သို့သော် ပြည်နယ်တချို့တွင် ကန့်သတ်မှုများ ချမှတ်ထားသည်။ မကြာသေးမီ ထုတ်ပြန်ခဲ့သည့် စည်းမျဉ်းများအရ အချို့မြို့များ၊ ခရိုင်များတွင် သွားလာလှုပ်ရှားမှုများကို ကန့်သတ်ပြီး ပိတ်ဆို့မှုချမှတ်ခြင်း၊ ပြန်ဖွင့်ပေးခြင်း စသည့် အခြေအနေရှိခဲ့သည်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၂၁၇၀ ဦး ရှိခဲ့ပြီး စုစုပေါင်း အတည်ပြုလူနာ ၂၀၂၅၄၀၉ ဦး ရှိခဲ့သည်။    


လူဦးရေ  ၁ ဒသမ ၃ ဘီလျံရှိသည့် အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၀၇၀၀ ဦး ရှိခဲ့ပြီး သေဆုံးသူ အများဆုံး စာရင်းတွင် အဆင့်(၅)နေရာ ရပ်တည်နေသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ