နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဧရာမပေါက်ကွဲမှုကြောင့် ဒေါသထွက်နေသူများက ဘေရွတ်မြို့တွင် ဆန္ဒပြ

ဩဂုတ် ၇၊ ဘေရွတ်


ပြီးခဲ့သည့်အင်္ဂါနေ့က လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူများနှင့် လက်ဘနွန်လုံခြုံရေးတပ်ဖွဲ့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။ လွှတ်တော်အနီးတွင် ဆန္ဒပြနေသူ ဒါဇင်ပေါင်းများစွာကို လုံခြုံရေးအရာရှိများက မျက်ရည်ယိုဓာတ်ငွေ့ အသုံးပြုခဲ့သည်။ ၂၀၁၃ ခုနှစ်ကတည်းက မလုံမခြုံသိုလှောင်ထားသည့် အမိုးနီးယန်းနိုက်ထရိတ် အလေးချိန် ၂၇၅၀ တန်ကြောင့် ပြီးခဲ့သည့်အင်္ဂါနေ့က ပေါက်ကွဲမှု အကြီးအကျယ် ဖြစ်ပွားခဲ့ခြင်းကို ဒေသခံများ ဒေါသထွက်ခဲ့ကြသည်။ အနည်းဆုံး လူ ၁၃၇ ဦး သေဆုံးခဲ့ပြီး လူ ၅၀၀၀ လောက် ဒဏ်ရာရခဲ့သည့် ပေါက်ကွဲမှုမှာ အစိုးရ၏ ပေါ့ဆမှုကြောင့် ဖြစ်ရခြင်းဟု လက်ဘနွန်နိုင်ငံသားများက ဆိုကြသည်။


ဧရာမပေါက်ကွဲမှုကြောင့် ဘေရွတ်မြို့ရှိ ခရိုင်အားလုံး ပျက်စီးခဲ့ပြီး နေအိမ်များ၊ စီးပွားရေးလုပ်ငန်းများလည်း ပြာပုံဘ၀ ရောက်ခဲ့သည်။ ယခုအချိန်အထိ ပျောက်ဆုံးနေသူ ဒါဇင်ပေါင်းများစွာကို ရှာမတွေ့သေးပေ။ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ အစိုးရ၏ စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်းအဖြစ် လူ ၁၆ ဦးကို ထိန်းသိမ်းထားသည်ဟု လက်ဘနွန်နိုင်ငံ အစိုးရအေဂျင်စီက ပြောသည်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် လက်ဘနွန်လွှတ်တော်အမတ် ဟာမာဒါနှင့် ဂျော်ဒန်နိုင်ငံဆိုင်ရာ လက်ဘနွန်သံအမတ် ချာမွန်တို့ ရာထူးမှ နုတ်ထွက်ခဲ့သည်။


လက်ဘနွန်နိုင်ငံတွင် ခေါင်းဆောင်ပိုင်း အပြောင်းအလဲလုပ်ရန် လိုအပ်နေပြီဆိုခြင်းကို ယခုကဲ့သို့ ဘေးအန္တရာယ် ကြုံတွေ့သည့်ဖြစ်ရပ်က သက်သေပြနေသည်ဟု ချာမွန်က ဆိုသည်။ ပြီးခဲ့သည့်ကြာသပတေးနေ့က ဘေရွတ်မြို့ကို လာရောက်ခဲ့သည့် ပြင်သစ်သမ္မတ မက်ခရွန်က အာဏာပိုင်များအနေဖြင့် အပြောင်းအလဲ ကြီးကြီးမားမား လုပ်ရန်လိုအပ်ပြီး       နိုင်ငံတကာစုံစမ်းစစ်ဆေးမှုလုပ်ရန် တိုက်တွန်းခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ