နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျည်ဖြည့်ထားသည့် AK47 ရိုင်ဖယ်ဖြင့် ဒေါ်နယ်ထရမ့်၏ အပန်းဖြေစခန်းအတွင်း ဝင်ရောက်ခဲ့သည့် ဆယ်ကျော်သက်သုံးဦးကို ဖမ်းဆီး

ဩဂုတ် ၇၊ ဝါရှင်တန်


ကျည်ဖြည့်ထားသည့် AK47 ချေမှုန်းရေးရိုင်ဖယ်တစ်လက် ကိုင်ဆောင်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဖလော်ရီဒါအပန်းဖြေစခန်းအတွင်း အမှတ်မထင် ဝင်ရောက်မိခဲ့ခြင်းကြောင့် ဆယ်ကျော်သက် ကလေးငယ်သုံးဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဒေါ်နယ်ထရမ့်၏ Mar-a-Lago ကလပ်အနီးတွင် ရပ်ထားသည့် ယင်းတို့၏ ကားအနီးသို့ Palm Beach ရဲတပ်ဖွဲ့ ချဉ်းကပ်လာခဲ့ရာ လူငယ်များက ထွက်ပြေးခဲ့ခြင်းကြောင့် လိုက်လံဖမ်းဆီးခဲ့ရခြင်းဖြစ်သည်။ အသက် ၁၅ နှစ်အရွယ်ရှိသည့် လူငယ်များမှာ နံရံကိုကျော်တက်ပြီး အဆောက်အအုံထဲ ဝင်ရောက်ပုန်းအောင်းခဲ့သည်။ လူငယ်များကို လိုက်လံဖမ်းဆီးခဲ့ရချိန်တွင် အဆိုပါအပန်းဖြေစခန်းအတွင်း ဒေါ်နယ်ထရမ့် မရှိခဲ့ပေ။


ထို့အပြင် အပန်းဖြေစခန်းမှာလည်း လက်ရှိအချိန်တွင် ပိတ်ထားသည်။ ထို့နောက်တွင် ကျည်ဖြည့်ထားသည့် မောင်းပြန်ရိုင်ဖယ်နှင့် ကျည်ဆန် ၁၄ တောင့် ထည့်နိုင်သည့် ကျည်ကပ် ပါဝင်သော လွယ်အိတ်ကို အပန်းဖြေစခန်းရှိ ရေတားပေါ်မှ လွှင့်ပစ်ခဲ့သည်ဟု ဆိုသည်။ '' သူတို့က ဘယ်နေရာကို ရောက်နေလဲဆိုတာ မသိကြပါဘူး''ဟု ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ အိုဂရော့နစ်က ပြောသည်။ အပန်းဖြေစခန်းအတွင်း ဒေါ်နယ်ထရမ့်တို့မိသားစုရှိနေပေမဲ့ လုံခြုံရေးတပ်ဖွဲ့က ယင်းတို့ကို ပစ်ခတ်ဖမ်းဆီးနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။ လူငယ်များမှာ လက်နက်ဖြင့် ပိုင်နက်ကျူးကျော်မှု၊ လက်နက်ဖြင့် ဖောက်ထွင်းမှု၊ ဖမ်းဆီးမှုကို အကြမ်းမဖက်ဘဲ ခုခံမှုတို့ဖြင့် စွဲချက်တင်ခံထားရသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ