နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မွန်ပြည်နယ်မှ ထုတ်လုပ်ထွက်ရှိနေသာ ဆားများကို စင်ကာပူနိုင်ငံက ဝယ်ယူရန်အလားအလာကောင်းများရှိနေ

မော်လမြိုင်  ဩဂုတ်  ၄


မွန်ပြည်နယ်မှထုတ်လုပ်ထွက်ရှိနေသာ ဆားများကို  စင်ကာပူနိုင်ငံကဝယ်ယူရန် အလားအလာကောင်းများ ရှိနေကြောင်း မွန်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်း၏ သတင်းများအရသိရသည်။ မြန်မာနိုင်ငံတွင် ဆားကို ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊တနင်္သာရီ တိုင်းဒေသကြီးနှင့်ဧရာဝတီတိုင်းဒေသကြီးများတွင် စီးပွားဖြစ်ထုတ်လုပ် နေသော်လည်း အားကိုးအားထားပြုလောက်သည့် ပြည်ပဖောက်သည်ဈေးကွက်မရှိသဖြင့် ပြည်တွင်းဈေးကွက် များကိုသာ အားပြုလှုပ်ရှားနေခဲ့ရသည်။ ယခုအခါ မွန်ပြည်နယ်မှထုတ်လုပ်ထွက်ရှိနေသည့် ဆားများကို စင်ကာပူနိုင်ငံမှ ဝယ်ယူလိုကြောင်းဖြင့် ဆက်သွယ်ကမ်းလှမ်းလာခဲ့သည်။ ထို့ကြောင့် ဇွန်လအတွင်းက မွန်ပြည်နယ်မှထွက်ရှိနေသည့် ဆားကြမ်းနမူနာများကို ရန်ကုန်မြို့၊ သာကေတမြို့နယ်ရှိ သတ္တုတွင်းဦးစီးဌာန ရုံးချုပ်တွင် အရည်အသွေးများစမ်းသပ်စစ်ဆေးကာ စင်ကာပူနိုင်ငံသို့နမူနာများ တင်ပို့ပေးခဲ့သည်။ အဆိုပါ နမူနာတင်ပို့ပေးခဲ့သည့် ဆားကြမ်းများမှာ အရည်အသွေးကောင်းမွန်နေသဖြင့် နမူနာပေးပို့သည့် အရည် အသွေးအတိုင်း ရောင်းချပေးမည်ဆိုလျှင် စင်ကာပူနိုင်ငံမှဝယ်ယူလိုကြောင်း ပြန်ကြားခဲ့သဖြင့် တင်ပို့ ရောင်းချပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေသည်ဟုဆိုသည်။ ထို့ကြောင့် မွန်ပြည်နယ်မှထုတ်လုပ်ထွက်ရှိနေသောဆားများကို စင်ကာပူနိုင်ငံကဝယ်ယူရန် အလားအလာကောင်းများရှိနေကြောင်း သိရသည်။

မွန်ပြည်နယ်သည် နှစ်စဉ်ဆားကြမ်းတန်ချိန် လေးသောင်းခန့်ထုတ်လုပ်နေသည့် ပြည်နယ်တစ်ခုဖြစ် သည်။ အိုင်အိုဒင်းဆားချော ထုတ်လုပ်သည့်စက်ရုံ(၁၂) ရုံမှလည်း နှစ်စဉ်အိုင်အိုဒင်းဆားတန်ချိန် နှစ်သောင်း ခန့်ထုတ်လုပ်လျက်ရှိသည်။ ယခု ၂၀၁၉-၂၀၂၀ လုပ်ငန်းရာသီတွင် ဆားလုပ်ကွက်( ၄၄၃၅ ဒသမ၃၁) ဧကမှ ဆားကြမ်းထုတ်လုပ်မှုတန်ချိန် (၃၉၂၇၀)ထုတ်လုပ်ဆောင်ရွက်နိုင်ခဲ့သည်။ လက်ရှိတွင် မွန်ပြည်နယ်၌ ဆားလက်ကားပေါက်ဈေးနှုန်းများမှာ ရိုးရိုးဆားကြမ်းတစ်ပိဿာလျှင် ငွေကျပ် ၇၀ ကျပ်နှင့် အဆင့်မြင့် ဆားကြမ်းတစ်ပိဿာလျှင်ငွေကျပ်  ၁၀ဝ ကျပ်နှင့် အိုင်အိုဒင်းဆားချောတစ်ပိဿာလျှင်ငွေကျပ် ၁၅၀ ပေါက်ဈေးရှိနေသည်။ ယခုနှစ်ဆားလုပ်ငန်းရာသီတွင် မွန်ပြည်နယ်၌ ဒိန်းမတ်နိုင်ငံ R.B.F အထောက်အပံ့၊ မွန် ပြည်နယ် ဆားလုပ်ငန်းရှင်အသင်း၏ဦးဆောင်မှုဖြင့် ရေးမြို့နယ် ပလိုင်ကီးကျေးရွာဆားလုပ်ကွက်ဧက ၁၀ဝ တွင် ပလတ်စတစ်ခင်းထုတ်လုပ်ခြင်းကို စမ်းသပ်ဆောင်ရွက်ခဲ့ရာ အထွက်နှုန်းကောင်းမွန်နေသည့်အပြင် အရည်အသွေးကောင်း ဆားများကို ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။                     


ကိုသစ္စာလှိုင်






အခြားဆက်စပ်သတင်းများ