နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုင်းယောင်းသနပ်မျှစ် လူကြိုက်များပြီး စျေးကောင်းရရှိ

မိုင်းယောင်း၊  ဩဂုတ်  ၄


ယခုကာလသည် သနပ်ဝါးပင်ရှိ သနပ်မျှစ်များ လှိုင်လှိုင်ပေါ်ချိန်ဖြစ်ပါသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ် ဒေသထွက် သနပ်မျှစ်(နော်လိန်း)ကို လူကြိုက်များပြီး စျေးကောင်းရရှိနေသည်။


သနပ်ဝါးပင်သည် ပေ ၃၀ ကျော်အမြင့်ရှိပြီး တောင်စောင်း တောင်စွန်းများတွင် သဘာဝအလျောက် ပေါက်ရောက်ကာ သနပ်မျှစ် ခုနစ်ချောင်းပါ တစ်စည်းလျှင် ကျပ် ၁၅၀၀ မှ ကျပ် ၂၀၀၀ အထိ ရောင်းရကြောင်း သနပ်မျှစ်ရှာဖွေရောင်းချသူအမျိုးသမီးတစ်ဦးထံမှ သိရသည်။


မျှစ်များတွင် ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်ကြောင်း၊ မျှစ်တွင် ပါဝင်သော ဖိုင်ဘာဓာတ်သည် ရေရှည်ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး အူမကြီးကင်ဆာဖြစ်တာကိုလည်း ကာကွယ်ပေးကြောင်း၊ မျှစ်တွင် ပါဝင်သည့် ပိုတက်စီယမ်သည် ခန္ဓာကိုယ်တွင်းက သွေးပေါင်နှင့် နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေရန် ထိန်းညှိပေးကြောင်း သိရသည်။


စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ