နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်းတော်မြို့နယ် မဲဇာဒေသထွက်နာနတ်သီးများ ကောလင်းစျေးကွက်တွင် တဆင့်ပြန်လည်ရောင်းချသူများ အဆင်ပြေ

ကောလင်း သြဂုတ် ၂

စစ်ကိုင်းတိုင်ဒေသကြီး၊အင်းတော်မြို့နယ် ရွှေဘို- မြစ်ကြီးနားသွားသည့် ကားလမ်းဘေးတစ်လျှောက်မဲဇာ၊ နမ့်တဲ၊ နောင်မိုး၊ သံဘိုနတ်မဟုတ်ကြီး၊ လယ်ပြင်စသည့် ကျေးရွာတို့တွင် နာနတ်သီးပင်များကိုအများအပြား စိုက်ပျိုးကြပြီးနှစ်စဉ်သီးနှံလှိုင်လှိုင်ပေါ်ချိန်တွင်ပုံမှန်ဝင်ငွေများရရှိသည့်အတွက် စိုက်ပျိုးသူများလည်း အဆင်ပြေကြပြီး ကောလင်းစျေးကွက်သို့နာနတ်သီးများပေါ်ချိန်ကားများ၊ သုံးဘီးဆိုင်ကယ်များပေါ် တင်ကာ ရွေ့လျားရောင်းချခြင်းဖြင့် ပုံမှန်ဝင်ငွေရရှိနေကာ တဆင့်ပြန်လည်ရောင်းချသူများအနေဖြင့်အဆင်ပြေ လျက်ရှိကြောင်း သိရသည်။

ကောလင်းစျေးကွက်တွင်နာနတ်သီးရောင်းချသူများအနေဖြင့် ကျေးလက်ဒေသမှတောင်သူလယ်သမား များအားအဓိကရောင်းချကြရပြီး တောင်သူလယ်သမားများ ဘဏ်ချေးငွေထုတ်ချေးပေးပြီးအပြန်လက်ဆောင် ဝယ်ယူခြင်းနှင့်ပျိုးနုတ်၊ကောက်စိုက်ကြရာတွင် ဧည့်ခံကျွေးမွေးကြတာကြောင့် နာနတ်သီးအကြီးတစ်လုံးလျှင် ၈၀၀၊အလတ်တစ်လုံးလျှင် ၆၀၀၊ အသေးတစ်လုံးလျှင် ၅၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းနာနတ်သီးရောင်းချသူများထံမှ သိရသည်။

နှစ်စဉ်နာနတ်သီးပေါ်ချိန်တွင် ကောလင်းမြို့မ နာနတ်သီးအရောင်းအဝယ်လုပ်ကိုင်သူများသည် အင်းတော်မြို့နယ်၊ မဲဇာဒေသရှိနာနတ်သီးစိုက်ခင်းများသို့သွားရောက်၍ အကြီးတစ်လုံးလျှင်၅၀၀ကျပ်၊ အလတ်တစ်လုံးလျှင် ၄၀၀ ကျပ်၊အသေးတစ်လုံးလျှင် ၃၀၀ ကျပ်ဖြင့်အလုံးပြတ်ဝယ်ယူရောင်းချကြကြောင်း သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)






အခြားဆက်စပ်သတင်းများ