နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုင်းယောင်းမျှစ်ခါး အရသာကောင်းမွန်ခြင်းကြောင့် ဝယ်ယူသူများပြား

မိုင်းယောင်း ဧပြီ ၁၅ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မျှစ်ခါးများ လှိုင်လှိုင်ပေါ်၍ ဝယ်ယူသူ များပြားသဖြင့် မျှစ်ခါးရှာဖွေရောင်းချသူများ မိသားစုဝင်ငွေ အဆင်ပြေနေကြောင်း သိရသည်။ မျှစ်ခါးကို ဟင်းချိုရည်ချက်သောက်၍လည်းကောင်း၊ မီးဖုတ်/ပြုတ်ပြီးမှ တို့စရာအဖြစ်လည်းကောင်း၊ အသားများနှင့် ကြော်ချက်၍လည်းကောင်း အမျိုးမျိုးချက်ပြုတ် ပြုလုပ်နိုင်သော သဘာဝရိုးရာအစားအစာ တစ်မျိုးဖြစ်သည်။ မိုးဦးလေဦးများ တစ်ကြိမ်/နှစ်ကြိမ်ရွာပြီးက တောတောင်လျှိုမြောင်ထဲတွင် သဘာဝအတိုင်းပေါက်ရောက် နေသော မျှစ်ခါးပင်များမှ မျှစ်ခါးများ လှိုင်လှိုင်ပေါ်ကြောင်း၊ မျှစ်ခါး ငါးချောင်းပါ တစ်စည်းလျှင် ကျပ်တစ်ထောင်ရောင်းရကြောင်း သိရသည်။ မိုင်းယောင်းမျှစ်ခါးသည် အရသာကောင်းမွန်သဖြင့် ဒေသတွင်း လူကြိုက်များကာ မိုင်းဖြတ်၊ ကျိုင်းတုံ၊ တာချီလိတ်မြို့များသို့တစ်ဆင့် ဝယ်ယူရောင်းချသူများလည်း စီးပွားဖြစ် တွက်ခြေကိုက်ကြောင်း သိရသည်။ စိုင်းအောင်ဇော်လင်း (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ