နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စေတုတ္ထရာမြို့နယ် တောင်ပေါ်ကျေးရွာ တောင်သူများအတွက် ကော်ဖီပျိုးပင် ၇၂၀၀၀ လွှဲပြောင်းပေးအပ်

စေတုတ္ထရာ   ဇူလိုင်    ၃၀


စေတုတ္ထရာမြို့နယ်တောင်ပေါ်ကျေးရွာတောင်သူများအတွက် ကော်ဖီပျိုးပင် ၇၂ဝဝဝ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ ဇူလိုင် ၂၈ ရက်နေ့ထုတ်ပြန်သတင်းများအရ သိရသည်။ မကွေးတိုင်းဒေသကြီးအနောက်ခြမ်းစေတုတ္ထရာမြို့နယ်တောင်ပေါ်ကျေးရွာများရှိ ဒေသခံကော်ဖီစိုက်တောင်သူများထံသို့ ကော်ဖီပျိုးပင် ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၂၆ ရက်က ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ(ချောင်းကွေ့)၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီ သီးနှံဌာနခွဲ ၊ ကော်ဖီနည်းပညာဖွံ့ဖြိုးရေး ခြံ(ချောင်းကွေ့)တာဝန်ခံ ဦးသူရိန်နိုင်က ကော်ဖီပျိုးပင်များပေးအပ်ရာ စေတုတ္ထရာမြို့နယ်တောင်ပေါ်ကျေးရွာ များရှိ ဒေသခံကော်ဖီစိုက်တောင်သူများကိုယ်စား တောင်သူ ဦးခွန်သယ်၊ ဦးမြမောင်နှင့်အဖွဲ့က လက်ခံရယူကြစဉ်။

ကိုသာစစ်






အခြားဆက်စပ်သတင်းများ