နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပဲတောင့်ရှည် ဈေးနှုန်းကျဆင်းနေမှုကြောင့် စိုက်ပျိုးရောင်းချသူများ အကျိုးအမြတ်ရရှိမှုနည်းပါး

ဟိုင်းကြီးကျွန်း  ဇူလိုင်     ၂၉


ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိပဲတောင့်ရှည် စိုက်ပျိုးသူများအနေဖြင့် ယခုနှစ် စိုက်ပျိုးရာသီတွင် ပဲတောင့်ရှည်စိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်းသော်လည်း ဈေးနှုန်းများကျဆင်းနေသဖြင့် အကျိုး အမြတ်ရရှိမှုနည်းပါးနေကြောင်း သိရသည်။

ပဲတောင့်ရှည် စိုက်ပျိုးသူတောင်သူများအနေဖြင့် ပဲတောင့်ရှည်ကိုရာသီမရွေးစိုက်ပျိုးကြပြီးမျိုးစေ့ချ စိုက်ပျိုးသည့်နေ့မှ ၄၅ ရက်အကြာတွင် ပဲတောင့်ရှည်များစတင်ခူးယူနိုင်ကာတစ်ပတ်လျှင် သုံးကြိမ်နှုန်းခန့်နှင့် အပင်သက်တမ်းနှစ်လကျော်ကာလအတွင်းအသုတ်လိုက် ခူးယူရောင်းချနိုင်ကြောင်း သိရသည်။

ယခင်ကပဲတောင့်ရှည် အတောင့် ၁ဝဝ ပါတစ်စည်းလျှင် ငွေကျပ် ၁၅ဝဝ ထိဈေးရှိပြီးယခုအခါ တစ်စည်းလျှင် ငွေကျပ် ၈ဝဝ သာဈေးရှိသဖြင့် စိုက်ပျိုးရောင်းချသူများအကျိုးအမြတ်ရရှိမှုနည်းပါးပြီးလုပ်ငန်းအခက်တွေ့ လျက်ရှိကြောင်း သိရသည်။                                                                                                   

 (သူရိန်)






အခြားဆက်စပ်သတင်းများ