နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်ရှိ ခရီးသွားကဏ္ဍမှာ သုညရာခိုင်နှုန်းအထိ ကျဆင်းနေပြီး ခရီးသွားကဏ္ဍအတွက်ရရှိသည့် ချေးငွေမှာလည်း အလွန်နည်းနေဟု UMTA ဥက္ကဋ္ဌပြော

ရန်ကုန်   ဇူလိုင်     ၂၉


လက်ရှိ ခရီးသွားကဏ္ဍမှာ သုညရာခိုင်နှုန်းအထိကျဆင်းနေပြီး ခရီးသွားကဏ္ဍအတွက်ရရှိသည့် ချေးငွေ မှာလည်း အလွန်နည်းနေသည့် အတွက်  ပြည်ပခရီးသွားလုပ်ငန်းကို လာမည့်သုံးလအတွင်း ပြန်လည်စတင် နိုင်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။                

လက်ရှိအချိန်တွင် အိမ်နီးချင်းထိုင်းနိုင်ငံအပါအဝင် နိုင်ငံအားလုံးမှ ပြန်လည်တံခါးဖွင့်ရေး(Reopening) မူဝါဒကို တစ်ဆင့်ပြီးတစ်ဆင့် စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းအပြင် ပြည်ပနိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း တိကျသည့် မူဝါဒတစ်ခုချမှတ်ရန်လိုအပ်ပြီး ပြည်ပခရီးသွား လုပ်ငန်းပြန်လည်စတင်နိုင်မည့်အချိန်ကို တိတိကျကျသတ်မှတ်ပေးရန်လိုအပ်ကြောင်း သိရသည်။  

“ပြည်ပခရီးသွားလုပ်ငန်းကတော့ ပြန်စနိုင်ခြင်းမရှိသေးဘူး၊ နောက်သုံးလအတွင်းတောင် ပြန်မစ နိုင်သေးဘူး၊ ပြည်တွင်းကတော့ နည်းနည်းချင်းစီပြန်စနေပြီ၊ အခုဆိုရင် ၂၀ ရာခိုင်နှုန်းလောက်လည်ပတ်နေပြီလို့ ပြောလို့ရမယ်၊ ဖွင့်ရင်တောင်မှ ပြန်ဝင်လာဖို့ခက်ခဲတယ်”ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။  Covid-19 မတိုင်ခင်အချိန်ထိ ခရီးသွားကဏ္ဍမှ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံအထိရှာပေးနိုင်ခဲ့ပြီး လက်ရှိအခြေအနေတွင် နိုင်ငံခြားဝင်ငွေ ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းနေပြီဖြစ်ကြောင်း သိရသည်။                                             

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ