နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နောင်ချိုမြို့နယ်၌ စိတ်ကြွဆေးပြား ၂၉၅ ပြားနှင့် တူမီးသေနတ် ၂ လက် သိမ်းဆည်းရမိ

နောင်ချို ဧပြီ ၁၃ ဧပြီ ၁၂ ရက်၊ မွန်းလွဲ ၁ နာရီ ၅ မိနစ်အချိန် နောင်ချိုမြို့နယ်၊ နောင်သခေါကျေးရွာနေ မြတ်လင်း(၃၈)နှစ်၏နေအိမ်သို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဝင်ရောက်ရှာဖွေရာ ယင်းအားတွေ့ရှိပြီး နေအိမ်ရှေ့ရှိ သစ်ပင်ခွကြားနှင့် နေအိမ်အိပ်ခန်း အတွင်းတို့မှ 88/1 စာတမ်းပါ စိတ်ကြွဆေးပြား ၂၉၅ ပြား၊ တူမီးသေနတ် ၂ လက်နှင့် ငွေ ၇၀,၀၀၀ ကျပ် တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ညနေ ၆ နာရီခွဲအချိန်တွင် မြတ်လင်း(ဖမ်းမိ)အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ