နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်စစ်တပ်တွင် ပါဝင်ခဲ့ခြင်းကို ဖုံးကွယ်ခဲ့၍ အမေရိကန်နိုင်ငံက တရုတ်နိုင်ငံသား ၄ ဦးကို ဗီဇာလိမ်လည်လျှောက်ထားမှုဖြင့် စွဲချက်တင်

ဇူလိုင် ၂၄၊ ဝါရှင်တန်


တရုတ်စစ်တပ်တွင် တပ်ဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည့်အချက်ကို လိမ်ညာခဲ့သည်ဆိုသည့် တရုတ်နိုင်ငံသား ၄ ဦးကို အမေရိကန်နိုင်ငံက ဗီဇာလိမ်လည်လျှောက်ထားမှုဖြင့် စွဲချက်တင်ခဲ့သည်။ လူသုံးဦးကို ဖမ်းဆီးထားပြီး ကျန်တစ်ဦးက FBI က ရှာဖွေနေဆဲဖြစ်သည်။ ယင်းမှာ ဆန်ဖရန်စစ္စကိုမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးထဲတွင် ရှိနေနိုင်သည်ဟု ဆိုသည်။ အမေရိကန်နိုင်ငံ၏ မြို့ ၂၅ မြို့တွင်နေထိုင်ပြီး တရုတ်စစ်တပ်နှင့် လျှို့ဝှက်ပတ်သက်ဆက်နွှယ်မှု ရှိနေသူများကို FBI အေးဂျင့်များက  မေးမြန်းမှုများလုပ်ခဲ့သည်။ ထိုသူများမှာ အမေရိကန်နိုင်ငံကို စစ်ဘက်ဆိုင်ရာ သိပ္ပံပညာရှင်များစေလွှတ်သည့် တရုတ်နိုင်ငံ၏ အစီအစဉ် တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု အစိုးရရှေ့နေများက ပြောသည်။ တရုတ်နိုင်ငံ ပြည်သူ့လွတ်မြောက်ရေး တပ်ဖွဲ့(PLA)၏ တပ်ဖွဲ့ဝင်များက တရုတ်စစ်တပ်နှင့်ပတ်သက်မှုကို ဖုံးကွယ်ထားပြီး သုတေသနဗီဇာများ လျှောက်ထားခဲ့ကြသည်ဟု အမေရိကန်တရားရေးဌာန ရှေ့နေ ဂျွန်စီဒီမာက ပြောသည်။

''ဒါဟာ ကျွန်တော်တို့ရဲ့ လွတ်လပ်ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းကို အခွင့်ကောင်းယူပြီး ပညာရေး အဖွဲ့အစည်းတွေကို ထိခိုက်အောင်လုပ်မယ့် တရုတ်ကွန်မြူနစ်ပါတီရဲ့ နောက်ထပ်အစီအစဉ်တစ်ခုပါ''ဟု ဂျွန်စီဒီမားက ပြောသည်။ ဆန်ဖရန်စစ္စကိုမြို့ ကောင်စစ်ဝန်ရုံးတွင် တရုတ်သိပ္ပံပညာရှင်တစ်ဦး ခိုလှုံနေသည်ဟု ကြေညာခဲ့ပြီးနောက်တွင် ယခုကဲ့သို့ ဖမ်းဆီးမှုများလုပ်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံမှာ လွန်ခဲ့သည့်တစ်ရက်ကလည်း ဉာဏမူပိုင်ခွင့်ခိုးယူရာတွင် ပါဝင်နေသည်ဆိုသည့် ဟူစတန်မြို့၊ တရုတ် ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ရန် ညွှန်ကြားခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ