နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လုပ်ငန်းသုံးဖြစ်လာနိုင်သည့် AI နည်းပညာသုံး စက်ရုပ်ငှက်

ဇူလိုင်  ၂၂


 ဂျာမနီတွင် စက်ရုပ်ငှက်များတီထွင်လျက်ရှိကြောင်း သိရသည်။ စက်ရုပ်လောကတွင် အမျိုးအစား ပေါင်းစုံသော နည်းပညာသုံးစက်ရုပ်များတီထွင်ခဲ့သော်လည်း ယခုကဲ့သို့ ငှက်စက်ရုပ်လေးကို  တီထွင်ထားခြင်း မရှိသေးပေ။

Festo ဆိုသည့် ဂျာမနီနိုင်ငံမှကုမ္ပဏီတစ်ခုကနေပြီး စက်ရုပ်များကို တီထွင်ခဲ့ခြင်းဖြစ်သည်။ ငှက်များ ကို Boinic Swift အမည်ပေးထားခဲ့ပြီး ထိန်းချုပ်မှုမပါဘဲ အလိုအလျောက်စနစ်ဖြင့် ၇ မိနစ် ပျံသန်းနိုင် စွမ်းရှိသည့်အပြင် ယင်းတို့ ပျံသန်းနေသည့် လမ်းကြောင်းတစ်လျှောက်ကိုလည်း ဗီဒီယိုဖြင့်မြင်ကွင်းကို ကြည့်နိုင်မည်ဖြစ်သည်။

ယင်းတို့အလေးချိန်က တစ်ကောင်ကို ၄၂ ဂရမ်သာရှိပြီး Bionic Swift ၉ ခု၏ အလေးချိန်သည် သံဘူးအအေးဘူးတစ်ဘူးဖြင့် ညီမျှသည်။ ပျံသန်းရန်လမ်းကြောင်းကို ယင်းစက်ရုပ်များဆီ ထည့်ထားသည့် ရေဒီယိုစနစ်၊ GPS စနစ်တို့ဖြင့် အတား အဆီးနှင့်လမ်းကြောင်းများ သတ်မှတ်နိုင်ပြီး တောင်ပံခတ်ခြင်း၊ လေဟုန်စီးခြင်းများလုပ်ဆောင်နိုင်သည်။ အဆိုပါစက်ရုပ်ငှက်များကို နောက်ပိုင်းတွင် စက်ရုံအလုပ်ရုံများနှင့် နည်းပညာ၊ ရေဒီယိုကုမ္ပဏီပိုင်းများတွင် အသုံးပြုလာနိုင်သည်။                                                                     

(WP)






အခြားဆက်စပ်သတင်းများ