နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မယ်စဲ့မြို့နယ်အတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါမဖြစ်ပွားစေရေး မွေးမြူသူတောင်သူများ ပူးပေါင်းပါဝင်ရန်လိုအပ်

လွိုင်ကော်        ဇူလိုင်    ၁၇


ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ပီကင်းကောခူကျေးရွာတွင် အာဖရိက ဝက်အပြင်းဖျားရောဂါဖြစ်ပွား၍ ဝက်များအစုလိုက်၊ အပြုံလိုက်သေဆုံးမှုကြောင့် မယ်စဲ့မြို့နယ်အတွင်း အဆိုပါ ရောဂါမဖြစ်ပွားစေရေးဝက်မွေးမြူသူတောင်သူများမှ ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်းမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။


အာဖရိကအပြင်းဖျားဝက်ရောဂါသည် အိမ်မွေးဝက်များနှင့် တောဝက်များတွင်အဖြစ်များပြီး ရောဂါ ကြိုတင်ကာကွယ်ဆေးနှင့်ကုသရန်ဆေးမရှိသည့်အတွက် ရောဂါဖြစ်ပွားပါကထိခိုက်ဆုံးရှုံးမှုများနိုင်သဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းနှင့် ဇီဝမြှင့်တင်ရေးလုပ်ငန်းများကိုအထူးဂရုပြုဆောင်ရွက်စေလိုကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးဒေါက်တာစောသေးရယ်က ပြောသည်။


ယခုအချိန်တွင် မယ်စဲ့မြို့နယ်အတွင်း၌ ဝက်အနည်းငယ်သေဆုံးခဲ့မှုကြောင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနဦးစီးမှူးဒေါက်တာစောသေးရယ်နှင့် ဝန်ထမ်းများက ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ အဖွဲ့နှစ်ဖွဲ့ခွဲကာ ဝမ်ကန်၊ နမ့်မန်းကျေးရွာတို့တွင် ဝက်မွေးမြူရေးခြံများအား ပိုးသတ်ဆေးဖျန်းပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ဟိုဖကျေးရွာတွင် အခြေခံမွေးမြူရေးပညာပေးခြင်း၊ အာဖရိကအပြင်းဖျား ဝက်ရောဂါကာကွယ်ရေးအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ပိုးသတ်ဆေးဖျန်း ခြင်းလုပ်ငန်းများကိုဇူလိုင်၁၆ရက်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။             

ဝတ်ရည်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ