နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Viber App တွင် ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများပါ အသုံးပြုနိုင်ရန် ထည့်သွင်းမည်

ရန်ကုန်   ဇူလိုင်   ၁၅


Viber အက်ပလီကေးရှင်းမှ အငှားယာဉ်ဝန်ဆောင်မှု၊  အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုတို့ အပြင် ပြည်တွင်းရှိ ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများကိုပါပြုလုပ်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ ဆက်သွယ်ရေး အက်ပလီကေးရှင်းတစ်ခုဖြစ်သည့်  Viber သည် အနာဂတ်တွင် မြန်မာနိုင်ငံအတွက် ဆက်သွယ်ရေးဝန်ဆောင်မှုများအပြင် အခြားအသုံးဝင်မည့်လုပ်ဆောင်ချက်များကိုပါ အက်ပလီကေးရှင်း အတွင်းထည့်သွင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း Viber App ၏  CEO ဖြစ်သူ Djamel Agaoua က မီဒီယာ များနှင့်တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြောသည်။

 “ Viber ကနေတစ်ဆင့် ပိုက်ဆံရှင်းလို့ရတာမျိုး ဘဏ် apps တွေ သုံးစရာမလိုတော့အောင် ဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်။ လက်ရှိအချိန်မှာ ဘဏ်ဝန်ဆောင်မှုတွေ၊ Delivery နဲ့ Taxi ဝန်ဆောင်မှုတွေကို အသုံးပြုဖို့ အတွက် App တစ်ခုချင်းစီကို အရင် ဒေါင်းလော့လုပ်ရပါတယ်။ Viber အနေနဲ့မြန်မာပြည်က User ‌တွေ အဆင်ပြေစေဖို့အတွက် အဲ့ဒီဝန်ဆောင်မှုအားလုံးကို Viber မှာ တစ်ခါတည်းထည့်ပေးနိုင်ဖို့အတွက် တစ်ခြား ကုမ္ပဏီတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့စီစဉ်နေပါတယ်” ဟု ယင်းက ပြောသည်။

လက်ရှိအချိန်တွင် ရုရှား၊ ယူကရိန်းနှင့် ဂရိစသည့်နိုင်ငံများတွင် အခြား Third Party ဝန်ဆောင်မှုလုပ်ငန်း များဖြစ်သည့် အငှားယာဉ်ဝန်ဆောင်မှု၊ အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများကို Viber အက်ပလီကေးရှင်းမှလုပ်ဆောင်နေပြီဖြစ်ကာ  မြန်မာနိုင်ငံတွင် ရရှိနိုင်ရန်အတွက် အခြားဝန်ဆောင်မှုကုမ္ပဏီများနှင့် လက်တွဲလုပ်ဆောင်နိုင်ရန် စီစဉ်လျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။


မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ