နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
HUAWEI FullView Display နည်းပညာဖြင့်ထုတ်လုပ်ထားသည့် Ultralight အမျိုးအစား HUAWEI Matebook D အမျိုးအစားသစ်ကို ပြည်တွင်း၌ မကြာမီဝယ်ယူရရှိနိုင်တော့မည်

ရန်ကုန်၊ ဇူလိုင် ၁၄


Huawei Consumer Business Group (CBG) မှ Ultralight အမျိုးအစား Laptop အသစ်ဖြစ်သည့် Huawei Matebook D 14 ကိုမကြာမီ ပြည်တွင်းစျေးကွက်တွင်ရောင်းချတော့မည် ဖြစ်ကြောင်းသိရသည်။ လူငယ်အသုံးပြုသူများအတွက် အဓိကရည်ရွယ်ထားသည့် Laptop အမျိုးအစားသစ်သည် ၁၄ လက်မအရွယ် ရှိမည်ဖြစ်ပြီး လုပ်ငန်းခွင်အတွင်း ဘက်စုံချိတ်ဆက်အသုံးပြုမှုအတွက် အတွေ့အကြုံသစ်ရရှိမည်ဖြစ်သည်။


Huawei Matebook D 14 သည် Huawei PC ထုတ်ကုန်များ၏ ဒီဇိုင်းဆန်းသစ်လှပခြင်း၊ နောက်ဆုံးပေါ် နည်းပညာမြင့် ထုတ်ကုန်ဖြစ်ခြင်း၊ အသုံးပြုမှုအတွက် လွယ်ကူအဆင်ပြေစေခြင်း စသည့် DNA များ အပြည့်အဝ ရှိသော ထုတ်ကုန်အမျိုးအစားသစ် ဖြစ်သည်။


Ultralight အမျိုးအစား Laptop ဖြစ်သည့်အတွက် သယ်ဆောင်ရလွယ်ကူပေါ့ပါးသည့် အားသာချက် ရှိသည့်အပြင် အမြင်အာရုံကြည့်ရှုခံစားမှုအတွက် HUAWEI FullView Display နည်းပညာများနှင့် Huawei Smart Phone များနှင့်အလွယ်တကူ ချိတ်ဆက်နိုင်ရန် Huawei Share ကိုလည်း တစ်ပေါင်းတည်းထည့်သွင်းပြီး ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်ပါသည်။ 


စွမ်းဆောင်ရည်ပိုင်းလည်း ကောင်းမွန်သည့်အတွက် နေ့စဉ်လုပ်ငန်းခွင်အသုံးပြုမှုအတွက်ဖြစ်စေ၊ သင်ကြား လေ့လာရေးလုပ်ငန်းစဉ်များအတွက်ဖြစ်စေ စွမ်းဆောင်ရည်ကောင်းကောင်းနှင့် အထောက်အကူပြုစေမည် ဖြစ်သည်။


AMH(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ