နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေကူမြို့၌ ဘိန်းဖြူများ သိမ်းဆည်းရမိ

ရန်ကုန် ဧပြီ ၉ ဧပြီ ၈ ရက်၊ နံနက် ၈ နာရီခွဲခန့် ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ တော်လှန်ရေးကျေးရွာအနီး ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင် သောပူးပေါင်းအဖွဲ့သည် ဝင်းဇော်မောင်းနှင်လာသည့် 3N/---- ခရီးသည်တင်မှန်လုံယာဉ်အား ရပ်တန့်စစ်ဆေးရာ ထိုင်ခုံအမှတ်(၄/၅/၆)မှ ခရီးသည် မစိန်ရင် (၄၇)နှစ်၊ မချို(၅၅)နှစ်နှင့် မနု(၄၀)နှစ် တို့ ၃ ဦး၏ ပလပ်စတစ်ဆွဲခြင်းနှင့် ခရီးဆောင်အိတ်များအတွင်းမှ ပလပ်စတစ်ဖြင့်ထုပ်ထားသည့် ဘိန်းဖြူဆပ်ပြာခွက် ၇၆ ခွက် ၀ ဒသမ ၇၆ ကီလိုတို့အားသိမ်းဆည်းရမိခဲ့သည်။ ဆက်လက်၍ နေ့လယ် ၃ နာရီအချိန်တွင် ကိုင်းကျေးရွာရှိ မမြသင်း၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ယင်းအား တွေ့ရှိပြီး မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ဘဲ ည ၉ နာရီ မိနစ် ၄၀ တွင် မစိန်ရင်၊ မချို၊ မနု၊ မမြသင်းတို့ ၄ ဦး(ဖမ်းမိ)အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ