နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေဘေးကာကွယ်ရေး ကြိုတင်ပြင်ဆင်

ရန်ကုန်၊ ဇူလိုင် ၁၃


ယနေ့အချိန်အခါတွင် မုတ်သုံမိုးရွာသွန်းမှုကြောင့် မြစ်ကမ်းနဘေးအနိမ့်ပိုင်းနေထိုင်ရာ ဒေသများတွင် မြစ်ရေများရုတ်တရက်ကြီးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ဧရာဝတီမြစ်အထက်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် မြစ်ကြီးနား၊ ရွှေကူ၊ ကသာမြို့ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုကြ ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဧရာဝတီမြစ်တွင် ရေတက်လာနိုင်ကြောင်း သတိပေး ထုတ်ပြန်ထားသည်။

ရာသီဥတုပြောင်းလဲမှုနှင့် နောက်ဆက်တွဲသဘာဝဘေးအန္တရာယ်များသည် ထိန်းချုပ်၍မရကြောင်း အချိန်မရွေးနေရာဒေသမရွေး ဖြစ်ပေါ်နိုင်သည်။ ယခုအခါ မိုးရာသီကာလ မြစ်ကမ်းဘေးကျေးရွာများရှိ ကျေးလက်ပြည်သူများ ရေဘေးအန္တရာယ်ကာကွယ်ရေးနည်းလမ်းများနှင့် သတိပြုရမည့်အချက်များကို သရုပ်ပြရှင်းလင်းနှိုးဆော် ဆောင်ရွက်လျက်ရှိသည်။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် ရေကြီးရေလျှံခြင်း များဖြစ်ပေါ်လာပါက မွေးမြူထားသောတိရစ္ဆာန်များအပေါ် ကျရောက်နိုင်သည့် သဘာဝဘေးအန္တရာယ်များ ကာကွယ်ရေးအတွက် အသိပေးထားသည်။ ရေဘေးအန္တရာယ်ကျရောက်လာပါက တိရစ္ဆာန်များကို ရေလွတ်ရာ နေရာများသို့ ပြောင်းရွှေ့နေရာချထားရန် ကြိုတင်စီမံထားရန်နှင့် သိုလှောင်ထားသော တိရစ္ဆာန်အစာများကို ရေဘေးကင်းလွတ်ရာနေရာများသို့ အချိန်မီပြောင်းရွှေ့ရေး ကြိုတင်စီမံထားရန်လိုအပ်သည်။


မြစ်ကမ်းနားနှင့် တာတမံများအနီးတွင်နေထိုင်သော ပြည်သူများရေဘေးအန္တရာယ်ကာကွယ်ရေးအတွက် သရုပ်ပြခြင်းကို ဆောင်ရွက်လျက်ရှိရာ ရေဘေးအန္တရာယ်ကာကွယ်ရေးအတွက် တာထိပ်ပေါ်ရေကျော်ခြင်း၊ ရေပေါက် (ထူးပေါက်) ဖောက်ခြင်း၊ တာအိခြင်း၊ သဲဗွက်ထခြင်း၊ လှိုင်းပုတ်ခြင်းများကာကွယ်ရေး သရုပ်ပြသခြင်းကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်း လေ့ကျင့်သရုပ်ပြသ ဆောင်ရွက်ကြသည်။ ရေဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများကိုလည်း စုဖွဲ့ထားရှိလေ့ကျင့်လျက်ရှိသည်။ 


သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဘေးအန္တရာယ်စီမံခန့်ခွဲမှုစက်ဝန်းပါ အန္တရာယ်ဖြစ်နိုင်ခြေလျှော့ချခြင်း၊ ကြိုတင်အသင့်ပြင်ဆင်ခြင်းအရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်းဟူသည့် ကြိုတင် ပြင်ဆင်ထားခြင်းဖြင့် ထိခိုက်မှုလျော့နည်းပြီး ထောက်ပံ့မှုများလည်း မြန်ဆန်ထိရောက်မည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ်လျော့ပါးရေးတွင် ရပ်ရွာလူထုဘက်ပေါင်းစုံမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေချင် ကြောင်း ။         ။






အခြားဆက်စပ်သတင်းများ