နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ ဖိုင်းလင်းကျေးရွာ၌ Cash for Work စီမံကိန်းဆောင်ရွက်

တမူး ဇူလိုင် ၁၂

နိုင်ငံတော်မှ ချမှတ်ထားသော COVID ကာလ စီးပွားရေးကုစားမှုအစီအစဉ် COVID-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေ မိသားစုများဝင်ငွေလျော့နည်းလာမှုနဲ့ စားဝတ်နေရေးအခက်အခဲများ ကို ကုစားပေးနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော Cash for Work စီမံကိန်းများပြုလုပ်လျက်ရှိရာ စစ်ကိုင်း တိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ဖိုင်းလင်းအုပ်စု ဖိုင်းလင်းကျေးရွာတွင် Cash for Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်းအခမ်းအနားကို အဆိုပါကျေးရွာ စာသင်ကျောင်းခန်းမ၌ ဇူလိုင် ၁၁ ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် တမူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်းက Cash for Work စီမံကိန်းသည် ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၀၀ ဖြင့် သတ်မှတ်ချက်နှင့် ကိုက်ညီသောကျေးရွာ၏ လိုအပ်ချက်များကို ကျေးရွာလူထုကိုယ်တိုင် ရွေးချယ်ဖော်ထုတ်ပြီး ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်စေပြီး ချက်ချင်းလုပ်အားခ ပေးချေခြင်းစနစ် ဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းဖြစ် ကြောင်း၊ Cash for Work စီမံကိန်းနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးရသည့် အကြောင်း အရင်းများ၊ စီမံကိန်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးရွာကော်မတီဝင် ၇ ဦးကို ကျေးရွာလူထုက မဲပေးစနစ်ဖြင့် ရွေးချယ်ပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တမူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာသူကျေးရွာသားများ တက်ရောက် ခဲ့ကြောင်း သိရသည်။

ငြိမ်းသူ(စလင်း)






အခြားဆက်စပ်သတင်းများ