နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျွန်းလှတွင် ပါဠိပထမပြန်စာမေးပွဲကျင်းပရေး ကြိုတင်ပြင်ဆင်

ကျွန်းလှ   ဇူလိုင်    ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သီတဂူဗုဒ္ဓတက္ကသိုလ်တွင် ပါဠိပထမပြန်စာမေးပွဲ ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပနိုင်ရန် ဇူလိုင် ၁၁ ရက်က ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြိုနယ်စီမံခန့်ခွဲမှုကော်မတီ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ် တပ်ဖွဲ့တို့ပူးပေါင်းပြီး သံဃာတော်များ သီတင်းသုံးရန်ပြင်ဆင်ခြင်း၊ စာမေးပွဲထိုင်ခုံများနေရာချခြင်း၊ ပိုးသတ် ဆေးဖျန်းခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ကြကြောင်း သိရသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို သီတဂူဗုဒ္ဓတက္ကသိုလ်(ကျွန်းလှ)တွင် ဇူလိုင် ၁၅ ရက်မှ ၂၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
                                                                 
    မျိုးဝင်းညို(ကျွန်းလှ)






အခြားဆက်စပ်သတင်းများ