နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာစီလိုနာအသင်းက လီဝမ်ဒေါစကီး နေရာတွင် တိုက်စစ်မှူး အစ်ဆက်ခ်နှင့် အစားထိုးရန် ပြင်ဆင်

ဧပြီ  ၂၇

ဘာစီလိုနာ အသင်းသည် လာမည့်နွေရာသီတွင် အသင်း တိုက်စစ်ကစားသမား လီဝမ်ဒေါ စကီး၏နေရာတွင် နယူးကာဆယ် အသင်း တိုက်စစ်မှူး အစ်ဆက်ခ် နှင့်အစားထိုးရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။

တိုက်စစ်မှူး အစ်ဆက်ခ် သည် ယခုနှစ် ဘောလုံးရာသီ နယူးကာဆယ်အသင်းအတွက် သွင်းဂိုး ၂၁ ဂိုးနှင့် ဂိုးဖန်တီးမှု တစ်ကြိမ်ပြုလုပ်၍ ခြေစွမ်းပြ ကစားနိုင်ခဲ့သောကြောင့် ဘာစီ လိုနာအသင်းက ပြီးခဲ့သည့် ဆောင်းရာသီ အပြောင်းအရွှေ့ ကာလကတည်းက ပြောင်းရွှေ့ ကြေး စတာလင်ပေါင် သန်း ၉၀ ဖြင့်‌ခေါ်ယူရန် ကြိုးပမ်းခဲ့ပြီး ယခုအခါ တိုက်စစ်ပိုင်းတွင် စွမ်းဆောင်ရည် ကျလာသည့် လီဝမ်ဒေါစကီးကို ရောင်းချ၍ အစ်ဆက်ခ်နှင့် အစားထိုးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် နယူးကာဆယ် အသင်းသည် ဘဏ္ဍာရေးစည်းမျဉ်း နှင့် ကိုက်ညီမှုရှိစေရန်အတွက် အသင်းမှ အဓိက ကစားသမား များကို ရောင်းချရမည်ဖြစ်သော ကြောင့် နယူးကာဆယ်အသင်း အနေဖြင့် အစ်ဆက်ခ်ကို ရောင်းချ မည်ဟု ဘာစီလိုနာအသင်းက ယုံကြည်နေသဖြင့် သဘောတူညီ မှုရယူနိုင်ရန် ကြိုးပမ်းလျက်ရှိ သည်။

အသက် ၂၄ နှစ်အရွယ်ရှိ အစ်ဆက်ခ်သည် ဥရောပ အကောင်းဆုံး တိုက်စစ်မှူးများ တွင် တစ်ဦးအပါအဝင်အဖြစ် ရပ်တည်နေသူဖြစ်သည်။






သူရိန်






အခြားဆက်စပ်သတင်းများ