နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အေဗီလာ နည်းပြ အမ်မရီကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် သဘောတူညီ

ဧပြီ  ၂၇

အေဗီလာအသင်းက နည်းပြ အမ်မရီကို လာမည့် ၂၀၂၇ ခုနှစ်၊ ဇွန်လကုန်အထိ သက်တမ်းတိုး စာချုပ် ချုပ်ဆိုရန် သဘောတူညီ မှုရရှိခဲ့ကြောင်း သိရသည်။

အသက် ၅၂ နှစ်အရွယ်ရှိ နည်းပြ အမ်မရီသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက အေဗီလာအသင်းကို စတင် တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့ သည့် ဘောလုံးရာသီကလည်း အသင်းကို ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်နိုင်သကဲ့သို့ ယူရိုပါ ကွန်းဖရန့်လိဂ်ပြိုင်ပွဲ ဝင်ခွင့်ရရှိအောင်လည်း  စွမ်းဆောင် နိုင်ခဲ့သည်။

အလားတူ ယခုနှစ်ဘောလုံး ရာသီတွင်လည်း နည်းပြ အမ်မရီ သည် အေဗီလာအသင်းကို ရလဒ် ကောင်းများရရှိအောင် စွမ်းဆောင် ပေးထားပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲ ၃၄ ပွဲ ကစားပြီးချိန်တွင် ရမှတ် ၆၆ မှတ်ဖြင့် အဆင့် ၄ နေရာတွင် ရပ်တည်အောင် စွမ်းဆောင်ပေးထားကာ ဥရောပ ဝင်ခွင့် တစ်နေရာအတွက်လည်း အလားအလာကောင်းနေသည်။

အေဗီလာအသင်းနှင့် နည်းပြ အမ်မရီတို့ စာချုပ်သက်တမ်းမှာ တစ်နှစ် ကျန်ရှိသေးသော်လည်း အေဗီလာအသင်းက နည်းပြ အမ်မရီကို လက်မလွှတ်လိုသည့် အတွက် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ဆွေးနွေးခဲ့ရာ ၂၀၂၇ ခုနှစ်၊ ဇွန်လအထိ သက်တမ်း တိုးရန် သဘောတူညီမှုရရှိခဲ့ ပြီး လာမည့်ရက်ပိုင်းအတွင်း လက်မှတ် ရေးထိုးသွားမည်ဖြစ် ကြောင်း သိရသည်။







သူရိန်






အခြားဆက်စပ်သတင်းများ