နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် ပိုးလောက်လန်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ရွှေသောင်ယံ   ဇူလိုင်    ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်း ရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၁ ရက်၊ နံနက်ပိုင်းက ရွှေသောင်ယံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ နယ်မြေရဲစခန်းနှင့်ရပ်ကွက်အတွင်း‌ နေအိမ်များတွင် ရွှေသောင်ယံမြို့ ကျန်းမာရေးဌာနခွဲမှ ဆရာမများ၊ ဌာနဆိုင်ရာများ၊ လုပ်အားပေးများမှ လိုက်လံစစ်ဆေး မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နေအိမ်များရှိ သုံးရေအိုးများ၊ ရေကန်များ၊ ဘုရားညောင်ရေးအိုးများ၊ ဘူး၊ ခွက်၊ အုန်းသီးပေါက်၊ ကားတာယာစသည်ဖြင့် မိုးရေတင်ကျန်နိုင်သည့် ဘူး၊ ခွက်များကို လိုက်လံစစ်ဆေး၍ လောက်လန်းမပေါက်ဖွားနိုင်အောင် ကာကွယ်နှိမ်နင်းမှုများပြုလုပ်ခဲ့ကြစဉ်။

ကိုကိုမောင် (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ