နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝါးခယ်မမြို့နယ်တွင် Cash for Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်

ဝါးခယ်မ ဇူလိုင်  ၁၂

နိုင်ငံတော်မှချမှတ်ထားသော ကိုဗစ်ကာလစီးပွားရေးကုစားမှု အစီအစဉ် ၊  COVID-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့်  စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ  Cash For Work စီမံချက် / ကျေးရွာလည်ပတ်ရန်ပုံငွေ စီမံချက် Village Revolving Fund Project များ ပြုလုပ်ပေးလျက်ရှိရာ ၊မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာရွှေနှင့် ဝန်ထမ်းများက ဇူလိုင် ၁၁ ရက် နေ့လယ်က သဲကုန်းကျေးရွာနှင့်ကျောင်းစုကုန်းကျေးရွာတို့တွင်  Cash For Work စီမံကိန်းအကြောင်းရှင်းလင်းခြင်း ၊ ကော်မတီရွေးချယ်ခြင်းနှင့် လုပ်ငန်းရွေးချယ်ခြင်းများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ် တားဆီးထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့ကြောင်းတွေ့ရစဉ်။

(အောင်မင်း)






အခြားဆက်စပ်သတင်းများ